Mascara တိုင်းက ကိုယ့်နဂိုမျက်တောင်ထက် ပိုရှည်အောင် ပိုထူအောင် ကြာကြာခံအောင် လုပ်ပေးကြတာကြီးပဲ

အဲ့တော့ဘယ်လိုရွေးရလဲဆိုရင်
မျက်တောင်တုရွေးသလိုပါပဲ
ကိုယ်ကဘယ်လို look လိုချင်လဲဆိုတာကို မူတည်ပြီး ရွေးချယ်ရပါတယ်
ဒီတော့ ဘာကိုအရင်ဆုံးကြည့်ရလဲဆိုရင်
Mascara ဘူးမှာပါတဲ့ wands ထိပ်ကကော့တံ brush လေးရဲ့ Design ပါ
အဲ့ဒီ design ပေါ်မူတည်ပြီး ဘယ်လို Look ထွက်တယ်ဆိုတာ ကွဲပါတယ်
မျက်တောင်တုလေးတွေ ရွေးသလိုပေါ့ Natural look လေးလား ပိုထူတာလား ပိုကောက်တာလား ဖြာပြီးထွက်တာလား စုစုလေးတွေလိုချင်တာလား ဆိုတာ ဒီ brush wands design ပါ
ဥပမာ အနေနဲ့ ပုံထဲက Design လေးကိုကြည့်ရင် သဘောပေါက်ပိုလွယ်မယ်ထင်ပါတယ်


US က FDA ကတော့ ၃လထိပဲ minimum သုံးဖို့ recommend ပါတယ်
မျက်လုံးနားတစ်ဝိုက် အရမ်းကိုအရေးကြီးတဲ့ နေရာဖြစ်တဲ့အတွက် သက်တမ်းကုန်နေတဲ့ Mascara လေးတွေမှာ bacteria တွေပေါက်ဖွါးလာပြီမို့ ဆက်မသုံးဖို့ အလေးနက်ထား ပြောချင်ပါတယ်

ကုန်မှမကုန်တာ ပစ်ရမှာ နှမြောစရာကြီးလေနော် ..အဲ့အတွက် Tips လေးရှိပါတယ် ..Mascara ဝယ်ရင် Travel size လေးတွေပဲ ဝယ်ပါနော်
ကိုယ်ရဲ့ မျက်လုံး နဲ့ လိုက်ဖက်တာ ဘာရွေးရမလဲမသိရင်တော့ Glorious ကိုလာခဲ့ပါ 







