{"product_id":"leave-in-conditioner","title":"Leave In Conditioner","description":"\u003ch3\u003e🌿 (What it is)\u003c\/h3\u003e\n\u003cp\u003eရေဆေးချစရာမလိုတဲ့ All-in-one Leave-In Conditioner လေးဖြစ်ပါတယ်။ ဆံသားငြိတာတွေကို အလွယ်တကူ ရှင်းလင်းပေးပြီး၊ ဆံပင်ဖွာခြင်း (Frizz) ကို သက်သာစေပါတယ်။ ဒါ့အပြင် အပူဒဏ် (450°F \/ 232°C အထိ) ကနေလည်း ကာကွယ်ပေးတဲ့ Hair Mist လေးဖြစ်ပါတယ်။ ဒီ 25ml လေးက အိတ်ဆောင် Travel Size သေးသေးလေးဖြစ်လို့ ပထမဆုံး စမ်းသုံးကြည့်ချင်သူတွေအတွက် အဆင်ပြေပါတယ်။\u003c\/p\u003e\n\u003ch3\u003e✨ လိမ်းလိုက်ရင် ဘယ်လိုနေလဲ (Finish \u0026amp; Texture)\u003c\/h3\u003e\n\u003cp\u003eLightweight ဖြစ်တဲ့ အရည်ပုံစံ Mist လေးပါ။ စေးကပ်ခြင်းမရှိဘဲ ဆံသားကို နူးညံ့ပျော့ပျောင်းစေပါတယ် (Soft and Smooth finish)။\u003c\/p\u003e\n\u003ch3\u003e🙋♀️ ဘယ်သူတွေအတွက်လဲ (Who it's for)\u003c\/h3\u003e\n\u003cul\u003e\n\u003cli\u003eခေါင်းလျှော်ပြီးချိန် ဆံပင်အရမ်းငြိတတ်သူများ\u003c\/li\u003e\n\u003cli\u003eဆံသားခြောက်သွေ့ပြီး ဖွာလန်ကြဲတတ်သူများ\u003c\/li\u003e\n\u003cli\u003eဆံပင်ကို မကြာခဏ အပူပေးပြီး ပုံသွင်းလေ့ရှိသူများ\u003c\/li\u003e\n\u003cli\u003eဆံသားမှာ ရေမွှေးဆွတ်ထားသလို သင်းသင်းလေး မွှေးနေတာကို နှစ်သက်သူများ\u003c\/li\u003e\n\u003c\/ul\u003e\n\u003ch3\u003e💡 (How to use)\u003c\/h3\u003e\n\u003cp\u003e၁။ ခေါင်းလျှော်ပြီး ရေစိုတဝက်လေး (Towel-dried hair) ဖြစ်နေချိန်မှာ သုံးပေးပါ။\u003cbr\u003e၂။ ဆံသားအလယ်ကနေ အဖျားပိုင်းထိကို ဖြန်းပေးပါ။ (ဦးရေပြားကို တိုက်ရိုက် မဖြန်းပါနဲ့။)\u003cbr\u003e၃။ ဘီးကျဲလေးနဲ့ ဆံပင်ကို ဖြီးချပြီး အလွယ်တကူ အငြိရှင်းနိုင်ပါတယ်။ ပြီရင် မိမိလိုသလို ပုံသွင်းနိုင်ပါတယ်။\u003cbr\u003e\u003cem\u003e(ဆံသားအရမ်းပါးတဲ့သူဆိုရင် လက်ထဲကို အရင်ဖြန်းပြီးမှ ဆံသားကို သုတ်လိမ်းပေးပါ။)\u003c\/em\u003e\u003c\/p\u003e\n\u003ch3\u003e📝 Honest Notes from Glorious\u003c\/h3\u003e\n\u003cul\u003e\n\u003cli\u003eဒီ 25ml ဘူးလေးက တော်တော်လေးသေးငယ်တဲ့ Travel Size လေးဖြစ်ပါတယ်ရှင့်။\u003c\/li\u003e\n\u003cli\u003eOUAI ရဲ့ Signature ရနံ့ဖြစ်တဲ့ North Bondi Scent (ပန်းရနံ့နဲ့ သံပရာရနံ့ သင်းသင်းလေး) ပါဝင်ပါတယ်။ အနံ့လေးက ဆံသားမှာ အတော်ကြာ စွဲကျန်နေတတ်တဲ့အတွက် ရနံ့ပြင်းပြင်း မကြိုက်သူတွေနဲ့ Fragrance sensitive ဖြစ်သူတွေဆိုရင် သတိပြုစေချင်ပါတယ်။\u003c\/li\u003e\n\u003cli\u003eဆံပင်အရမ်းပါးသူတွေ အများကြီးဖြန်းမိရင် ဆံပင်ပြားကပ်ကပ်လေး ဖြစ်သွားတတ်လို့ အနည်းငယ်ပဲ သုံးပေးဖို့ အကြံပြုပါတယ်။\u003c\/li\u003e\n\u003c\/ul\u003e","brand":"OUAI","offers":[{"title":"25ml","offer_id":51767730929975,"sku":null,"price":25000.0,"currency_code":"MMK","in_stock":false}],"thumbnail_url":"\/\/cdn.shopify.com\/s\/files\/1\/0881\/7151\/2119\/files\/s2111920-main-zoom.webp?v=1773204842","url":"https:\/\/glorious.shopping\/my\/products\/leave-in-conditioner","provider":"Glorious Shop","version":"1.0","type":"link"}