Skip to product information
1 of 4

Clinique

All About Clean™ Liquid Facial Soap Mild

All About Clean™ Liquid Facial Soap Mild

Regular price 155,000 MMK
Regular price 260,500 MMK Sale price 155,000 MMK
Sale Sold out
Size

အသားအရေထိန်းသိမ်းမှုလောကရဲ့ Classic အဖြစ်ဆုံး၊ အရေပြားဆရာဝန်တွေ ကိုယ်တိုင် ဖော်စပ်ထားတဲ့ Clinique ရဲ့ Step 1 မျက်နှာသစ်ဆေး ဖြစ်ပါတယ်။ ဒီ Mild formula က ပါးပြင်နေရာတွေမှာ အသားခြောက်ပြီး T-Zone နေရာ (နဖူး၊ နှာခေါင်း) မှာ အဆီပြန်လေ့ရှိတဲ့ (Dry Combination Skin) သမားတွေအတွက် သီးသန့်ထုတ်လုပ်ထားတာပါ။

ဘာကြောင့် Glorious က ရွေးချယ်သလဲ?
မလိုအပ်တဲ့ အညစ်အကြေးတွေကို သန့်စင်ပေးပြီး အသားအရေအတွက် မရှိမဖြစ်လိုအပ်တဲ့ သဘာဝအဆီဓာတ် (Moisture lipids) တွေကိုတော့ မဖျက်ဆီးပါဘူး။ မျက်နှာသစ်ပြီးတဲ့အခါ အသားက တင်းကျပ်ခြောက်ကပ်မသွားဘဲ သန့်ရှင်းလတ်ဆတ်တဲ့ ခံစားချက်ကို ပေးပါတယ်။

အဓိက အာနိသင်များ

  • Soft Non-Drying Lather: အမြှုပ်ထွက်အား နူးညံ့ပြီး ရေဆေးချရ လွယ်ကူပါတယ်။
  • Skin Barrier Support: အသားအရေရဲ့ သဘာဝအတားအဆီးကို မထိခိုက်စေဘဲ ညင်သာစွာ သန့်စင်ပေးပါတယ်။
  • Fragrance-Free: အမွှေးနံ့၊ Parabens နှင့် Phthalates လုံးဝ မပါဝင်ပါ။

ဘယ်သူတွေ သုံးသင့်လဲ?
Combination Skin သမားများ (ပါးပြင်ခြောက်ပြီး T-Zone အဆီပြန်သူများ) အတွက် အသင့်တော်ဆုံးပါ။

အသုံးပြုပုံ
၁။ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် အသုံးပြုနိုင်ပါတယ်။
၂။ လက်ကို ရေစိုအောင်အရင်လုပ်ပြီး Cleanser ကို pump ၁-၂ ချက် ယူပါ။
၃။ မျက်နှာနှင့် လည်ပင်းကို နှိပ်နယ်ပေးပြီး ရေနှင့် စင်ကြယ်အောင် ဆေးကြောပါ။
၄။ ပြီးလျှင် Clarifying Lotion (Toner) နှင့် Moisturizer ဆက်သုံးပေးပါ။

Glorious Honest Notes

  • ဒါက နေ့စဉ်သုံး မျက်နှာသစ်ဆေး (Daily Cleanser) ဖြစ်ပါတယ်။ မိတ်ကပ်ထူထူ လိမ်းထားရင်၊ Sunscreen တွေလိမ်းထားရင် Cleansing Balm သို့မဟုတ် Oil အရင်သုံးပြီးမှ ဒီမျက်နှာသစ်ဆေးကို Second Cleanse အနေနဲ့ သုံးဖို့ အကြံပေးပါတယ်။ မိတ်ကပ်တွေကို တစ်ခါတည်းနဲ့ ပြောင်စင်အောင်ချွတ်ပေးတဲ့ Makeup Remover type မဟုတ်ပါဘူး။

PAO-(24M)

Glorious Promise

Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်

Shipping

♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

View full details