Charlotte Tilbury
Hollywood Flawless Filter ( Primer)
Hollywood Flawless Filter ( Primer)
Couldn't load pickup availability
ဒါလေးကတော့ Foundation လိုမျိုးမဟုတ်တဲ့အပြင်Highlighter သီးသန့်လည်း မဟုတ်ပါဘူးနော်။ "Complexion Booster" လို့ခေါ်တဲ့ အသားအရေကို ချက်ချင်း Glow ဖြစ်စေတဲ့ "Glow Liquid" လေးတစ်ခုပါ။ သူက filter တစ်ခုခံထားသလို အသားအရေကို ကြည်လင်တောက်ပစေဖို့ ဖန်တီးထားတာ ဖြစ်ပါတယ်။
အဓိက အာနိသင်များ
- Smoothing & Blurring: အသားအရေမညီညာတာတွေ၊ လိုင်းငယ်လေးတွေကို ဝါးသွားစေပြီး နူးညံ့တဲ့ finish ကိုရစေပါတယ်။
- Customizable Glow: ကိုယ်လိုချင်တဲ့ Glow အနေအထားပေါ်မူတည်ပြီး အသုံးပြုနည်း (၄) မျိုး ကွဲပြားပါတယ်။
- Hydrating Feel: လိမ်းလိုက်ရင် စေးကပ်ကပ်မဖြစ်ဘဲ အစိုဓာတ်ရှိတဲ့ feeling ကို ပေးပါတယ်။
ဘယ်လိုအသုံးပြုမလဲ (၄ မျိုး)
- Fresh Face: မိတ်ကပ်မလိမ်းဘဲ ဒါလေးတစ်ခုတည်း လိမ်းရင် သဘာဝအတိုင်း ကြည်လင်နေတဲ့ look ကိုရစေပါတယ်။
- Primer: Foundation မလိမ်းခင် အောက်ကခံလိမ်းရင် အတွင်းကနေ စိမ့်ထွက်လာတဲ့ Glow မျိုးကို ရပါတယ်။
- Mix-in: ကိုယ်သုံးနေကျ Foundation ထဲမှာ ရောထည့်ပြီး Dewy Finish ဖြစ်အောင် ပြောင်းသုံးလို့ရပါတယ်။
- Highlighter: မိတ်ကပ်လိမ်းပြီးမှ ပါးရိုး၊ နှာတံတို့ပေါ်မှာ Highlight အနေနဲ့ သုံးပေးနိုင်ပါတယ်။
Glorious Honest Notes
- ဒါလေးကတော့ Foundation လိုမျိုး အပြစ်အနာအဆာတွေကို ဖုံးပေးနိုင်တဲ့ Coverage မရှိပါဘူး (Sheer Tint သဘောမျိုးပါ)။
- အဆီအရမ်းပြန်တတ်သူတွေ (Very Oily Skin) နဲ့ ချွေးပေါက်အရမ်းကျယ်သူတွေမှာဆိုရင် တချို့နေရာတွေမှာ Pores တွေကို ပိုထင်ရှားစေတတ်တာမို့ မျက်နှာတစ်ပြင်လုံးမလိမ်းဘဲ ပါးရိုးလိုနေရာမျိုးမှာပဲ ကွက်သုံးတာ အဆင်ပြေဆုံးဖြစ်ပါလိမ့်မယ်။
Shade Note:
Shade များသည် Foundation ကဲ့သို့ အတိအကျမဟုတ်ဘဲ အသားအရောင်အလိုက် ပြောင်းလွယ်သောကြောင့် မိမိ Skin tone နှင့် အလိုက်ဖက်ဆုံးကို ရွေးချယ်နိုင်ရန် Glorious Team ကို မေးမြန်းနိုင်ပါတယ်။
PAO -(12M)
Glorious Promise
Glorious Promise
Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်
Shipping
Shipping
♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.
