OUAI
Leave In Conditioner
Leave In Conditioner
Couldn't load pickup availability
🌿 (What it is)
ရေဆေးချစရာမလိုတဲ့ All-in-one Leave-In Conditioner လေးဖြစ်ပါတယ်။ ဆံသားငြိတာတွေကို အလွယ်တကူ ရှင်းလင်းပေးပြီး၊ ဆံပင်ဖွာခြင်း (Frizz) ကို သက်သာစေပါတယ်။ ဒါ့အပြင် အပူဒဏ် (450°F / 232°C အထိ) ကနေလည်း ကာကွယ်ပေးတဲ့ Hair Mist လေးဖြစ်ပါတယ်။ ဒီ 25ml လေးက အိတ်ဆောင် Travel Size သေးသေးလေးဖြစ်လို့ ပထမဆုံး စမ်းသုံးကြည့်ချင်သူတွေအတွက် အဆင်ပြေပါတယ်။
✨ လိမ်းလိုက်ရင် ဘယ်လိုနေလဲ (Finish & Texture)
Lightweight ဖြစ်တဲ့ အရည်ပုံစံ Mist လေးပါ။ စေးကပ်ခြင်းမရှိဘဲ ဆံသားကို နူးညံ့ပျော့ပျောင်းစေပါတယ် (Soft and Smooth finish)။
🙋♀️ ဘယ်သူတွေအတွက်လဲ (Who it's for)
- ခေါင်းလျှော်ပြီးချိန် ဆံပင်အရမ်းငြိတတ်သူများ
- ဆံသားခြောက်သွေ့ပြီး ဖွာလန်ကြဲတတ်သူများ
- ဆံပင်ကို မကြာခဏ အပူပေးပြီး ပုံသွင်းလေ့ရှိသူများ
- ဆံသားမှာ ရေမွှေးဆွတ်ထားသလို သင်းသင်းလေး မွှေးနေတာကို နှစ်သက်သူများ
💡 (How to use)
၁။ ခေါင်းလျှော်ပြီး ရေစိုတဝက်လေး (Towel-dried hair) ဖြစ်နေချိန်မှာ သုံးပေးပါ။
၂။ ဆံသားအလယ်ကနေ အဖျားပိုင်းထိကို ဖြန်းပေးပါ။ (ဦးရေပြားကို တိုက်ရိုက် မဖြန်းပါနဲ့။)
၃။ ဘီးကျဲလေးနဲ့ ဆံပင်ကို ဖြီးချပြီး အလွယ်တကူ အငြိရှင်းနိုင်ပါတယ်။ ပြီရင် မိမိလိုသလို ပုံသွင်းနိုင်ပါတယ်။
(ဆံသားအရမ်းပါးတဲ့သူဆိုရင် လက်ထဲကို အရင်ဖြန်းပြီးမှ ဆံသားကို သုတ်လိမ်းပေးပါ။)
📝 Honest Notes from Glorious
- ဒီ 25ml ဘူးလေးက တော်တော်လေးသေးငယ်တဲ့ Travel Size လေးဖြစ်ပါတယ်ရှင့်။
- OUAI ရဲ့ Signature ရနံ့ဖြစ်တဲ့ North Bondi Scent (ပန်းရနံ့နဲ့ သံပရာရနံ့ သင်းသင်းလေး) ပါဝင်ပါတယ်။ အနံ့လေးက ဆံသားမှာ အတော်ကြာ စွဲကျန်နေတတ်တဲ့အတွက် ရနံ့ပြင်းပြင်း မကြိုက်သူတွေနဲ့ Fragrance sensitive ဖြစ်သူတွေဆိုရင် သတိပြုစေချင်ပါတယ်။
- ဆံပင်အရမ်းပါးသူတွေ အများကြီးဖြန်းမိရင် ဆံပင်ပြားကပ်ကပ်လေး ဖြစ်သွားတတ်လို့ အနည်းငယ်ပဲ သုံးပေးဖို့ အကြံပြုပါတယ်။
Glorious Promise
Glorious Promise
Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်
Shipping
Shipping
♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

