Skip to product information
1 of 8

Anastasia Beverly Hills

Mini Brow Wiz®

Mini Brow Wiz®

Regular price 38,000 MMK
Regular price 103,000 MMK Sale price 38,000 MMK
Sale Sold out
Size
Color

ကမ္ဘာတစ်ဝှမ်း နာမည်အကြီးဆုံး ABH Brow Wiz ရဲ့ သယ်ဆောင်ရလွယ်ကူတဲ့ Mini size (အသေးစား) လေးဖြစ်ပါတယ်။ ခဲဆံက အင်မတန်သေးငယ်တဲ့ (Ultra-slim) ပါးလွှာသော ခဲတံအမျိုးအစားဖြစ်ပြီး၊ မျက်ခုံးမွှေးအစစ်တွေအတိုင်း အမျှင်လေးတွေ တစ်ပင်ချင်းလိုက်ဆွဲပေးနိုင်တဲ့ Retractable (လှည့်ထုတ်ရတဲ့) pencil လေးဖြစ်ပါတယ်။ Mini size ဆိုပေမယ့် တစ်ဖက်မှာ မျက်ခုံးဖီးရတဲ့ Spoolie brush အသေးလေး ပါဝင်ပါတယ်။

Coverage (အရောင်ထွက်အား)

  • Buildable (အထပ်ထပ်ဆွဲပြီး လိုချင်တဲ့ အရောင်အရင့်အနုနဲ့ အထူအပါးကို အလွယ်တကူ ချိန်ညှိနိုင်ပါတယ်။)

Finish (အသားပေးမှု)

  • Natural (ဆေးဆွဲထားသလို ပိတ်ပိတ်ကြီးမဖြစ်ဘဲ သဘာဝကျတဲ့ မျက်ခုံးမွှေးအစစ်အတိုင်း finish ထွက်ပါတယ်။)

Who it's for (ဘယ်သူတွေအတွက် သင့်တော်လဲ)

  • မျက်ခုံးမွှေးပါးတဲ့နေရာတွေ (Sparse areas) မှာ အမျှင်လေးတွေလို သဘာဝကျကျ ဖြည့်ဆွဲချင်သူတွေ။
  • မျက်ခုံးဆွဲရာမှာ Detail ပုံဖော်ချင်သူတွေနဲ့၊ ခရီးသွားချိန် သယ်ရလွယ်ကူတာမျိုး ရှာနေသူတွေအတွက် အထူးသင့်တော်ပါတယ်။

How to use (ဘယ်လိုအသုံးပြုရမလဲ)

  • ပထမဦးစွာ အနောက်ဘက်မှာပါတဲ့ Spoolie (ဖီးတံ) လေးနဲ့ မျက်ခုံးမွှေးတွေကို အပေါ်ဘက်သို့ ဖီးတင်ပါ။
  • မျက်ခုံးမွှေးပါးနေတဲ့နေရာတွေကို ခဲဆံလေးနဲ့ ညင်သာစွာ အမျှင်လေးတွေ တစ်ပင်ချင်းစီ ပုံဖော်ဆွဲပေးပါ။
  • ဆွဲပြီးသွားရင် သဘာဝပိုကျသွားအောင် Spoolie လေးနဲ့ ပြန်လည် Blend လုပ်ပေးပါ။

Honest Notes (Glorious ရဲ့ အကြံပြုချက်)

  • Extremely Fragile Tip: ခဲဆံက သိသိသာသာကို သေးငယ်ပါးလွှာတဲ့အတွက် ခပ်ရှည်ရှည် လှည့်ထုတ်ပြီး ခပ်ဖိဖိဆွဲရင် လွယ်လွယ်ကူကူ ကျိုးသွားနိုင်ပါတယ်။ သုံးမယ့်အချိန်မှာ 1~2 mm လောက်သာ အနည်းဆုံး ထုတ်သုံးဖို့ အကြံပေးပါတယ်။
  • Efficiency: Detail အတိအကျ ပုံဖော်ဖို့ထုတ်ထားတာဖြစ်လို့၊ မျက်ခုံးမွှေးလုံးဝမရှိတဲ့သူတွေ အစကနေအဆုံး အပြည့်ဆွဲရမယ်ဆိုရင် အချိန်အနည်းငယ် ပိုပေးရနိုင်ပါတယ်။

Shade Note (အရောင်အကြောင်း)

  • Dark Brown: အနောက်တိုင်းမှာ Dark Brown (Warm undertone) လို့ သတ်မှတ်ပေမယ့်၊ မြန်မာလူမျိုးတွေရဲ့ သဘာဝဆံပင်အမည်း/အညိုရင့်ရောင်တွေနဲ့ အလွယ်တကူ လိုက်ဖက်ပါတယ်။ အမည်းရောင် (Ebony) လို အရမ်းမပြင်းဘဲ သဘာဝကျကျ မျက်ခုံးကို ပိုပေါ်လွင်စေတဲ့ အရောင်လေးပါ။

Glorious Promise

Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်

Shipping

♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

View full details