Skip to product information
1 of 3

Tarte

Tartelette™ tubing mascara deluxe size

Tartelette™ tubing mascara deluxe size

Regular price 42,000 MMK
Regular price Sale price 42,000 MMK
Sale Sold out

မျက်တောင်တို၊ မျက်တောင်ပါးသူများအပြင် Mascara ဖျက်ရခက်တာကို စိတ်ညစ်နေသူများအတွက် Tarte ရဲ့ နာမည်ကြီး Tubing Mascara ပါ။ ဒါက Mini Size (Deluxe Size) ဖြစ်တာမို့ အစမ်းသုံးကြည့်ချင်သူတွေအတွက် အဆင်ပြေဆုံးပါပဲ။

မတူကွဲပြားတဲ့ Tubing နည်းပညာ
ဒါက ရိုးရိုး Mascara တွေလို မျက်တောင်ပေါ်မှာ ဆေးသားတင်ပေးလိုက်တာမျိုး မဟုတ်ပါဘူး။ Micro-tubing Technology နဲ့ မျက်တောင်တစ်ချောင်းချင်းစီကို ပိုက်ချောင်းလေးတွေသဖွယ် အရင်းကနေ အဖျားထိ စွပ်ပြီး နေရာယူပေးလိုက်တာပါ။

Glorious ၏ သုံးသပ်ချက်

  • Effect: မျက်တောင်ကို သိသိသာသာ ရှည်ထွက်လာစေပါတယ်။ Volume (အုံထူ) တာထက် Length (အရှည်) နဲ့ Separation (တစ်ချောင်းချင်းစီ ရှင်းရှင်းလေးဖြစ်တာ) ကို ပိုပြီး ဦးစားပေးပါတယ်။
  • Smudge-proof: မျက်ခွံအဆီပြန်တတ်လို့ ဘယ် Mascara သုံးသုံး မျက်လုံးအောက်မဲပြီး Panda Eyes ဖြစ်တတ်သူတွေအတွက် အထူးသင့်တော်ပါတယ်။
  • Easy Removal: Makeup remover တွေ၊ ဂွမ်းတွေနဲ့ ပွတ်တိုက်ဖျက်စရာမလိုပါဘူး။ ရေနွေးနွေးလေးနဲ့ မျက်တောင်ကို ဖွဖွလေးပွတ်လိုက်တာနဲ့ ပြွန်ချောင်းလေးတွေအတိုင်း အလွယ်တကူ ကျွတ်ထွက်လာမှာပါ။ (မျက်တောင်ကျွတ်တာမဟုတ်ပါ၊ Mascara tubes လေးတွေ ကျွတ်တာပါ)۔

အသုံးပြုပုံ
Mascara ကို မျက်တောင်အရင်းကနေ အပေါ်ဘက်ကို zigzag ဆွဲတင်ပြီး သုံးပေးပါ။ ၂ ထပ်လောက် ထပ်ဆိုးရင် ပိုရှည်ပါတယ်။

Honest Note:
ဒါက မျက်တောင်အတုကပ်ထားသလို အရမ်းထူပြီး Dramatic ဖြစ်တဲ့ပုံစံမျိုး မဟုတ်ပါဘူး။ သဘာဝဆန်ဆန် မျက်တောင်ရှည်ပြီး ရှင်းသန့်နေတဲ့ Look ကို ရစေမှာပါ။ Deluxe Size ဖြစ်လို့ ပမာဏက Full Size ထက် နည်းပါမယ်နော်။

PAO -(6M)

Glorious Promise

Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်

Shipping

♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

View full details