The Ordinary
AHA 30% + BHA 2% High-Strength Peeling Solution for Brightening 30ml
AHA 30% + BHA 2% High-Strength Peeling Solution for Brightening 30ml
Couldn't load pickup availability
Social Media မှာ "Blood Peel" လို့ နာမည်ကြီးတဲ့ အစွမ်းထက် Exfoliating Mask ဖြစ်ပါတယ်။ အသားအရေမညီညာတာ၊ အဆီဖုနဲ့ ဝက်ခြံကြောင့်ကျန်ခဲ့တဲ့ အမာရွတ်တွေ၊ အသားအရောင်မွဲခြောက်တာတွေကို သိသိသာသာ သက်သာစေမယ့် Treatment တစ်ခုပါ။
ဘာတွေလုပ်ပေးလဲ?
- Deep Exfoliation: အပေါ်ယံ အရေပြားဆဲလ်သေများကို ဖယ်ရှားပေးပြီး အသားအရေကို ချက်ချင်း လင်းလက်လာစေပါတယ်။
- Pore Clearing: BHA ပါဝင်လို့ ချွေးပေါက်ထဲပိတ်မိနေတဲ့ အဆီတွေကို ရှင်းထုတ်ပေးပြီး အဆီဖု၊ ဝက်ခြံ သက်သာစေပါတယ်။
- Texture Smoothing: အသားအရေ ကြမ်းတမ်းခြင်းကို လျော့ပါးစေပြီး အရေးအကြောင်း အနုစားလေးတွေကို သက်သာစေပါတယ်။
ဘယ်သူတွေသုံးသင့်လဲ?
- Chemical Exfoliation (Acid) သုံးဖူးသူများ။
- အသားအရေမွဲခြောက်ပြီး အမဲစက်များသူများ။
- အဆီပြန်၊ အဆီဖုပေါက်လွယ်သော အသားအရေပိုင်ရှင်များ။
ဘယ်လိုသုံးရမလဲ? (အရေးကြီးသည်)
- မျက်နှာသစ်ပြီး လုံးဝခြောက်သွေ့အောင် သုတ်ပါ။ (ရေစိုနေသော မျက်နှာပေါ် မသုံးရ)။
- မျက်လုံးနားတဝိုက်ကို ရှောင်ပြီး မျက်နှာအနှံ့ ပါးပါးလိမ်းပါ။
- ၁၀ မိနစ်ထက် ပိုမထားပါနှင့်။
- ရေနွေးနွေးလေးဖြင့် စင်ကြယ်အောင် ဆေးကြောပါ။
- တစ်ပတ်လျှင် ၁ ကြိမ် (သို့) ၂ ကြိမ်သာ ညဘက်တွင် အသုံးပြုပါ။
- မနက်ခင်းတွင် Sunscreen မဖြစ်မနေ လိမ်းပေးရပါမည်။
Glorious Honest Notes:
ဒါက အပျော့စား မဟုတ်ပါဘူး။ စလိမ်းချင်းမှာ စစ်ခနဲ၊ ပူခနဲ ခံစားရနိုင်ပါတယ်။ အသားအရေပါးသူ၊ Sensitive ဖြစ်သူ၊ အသားအရေ damage ဖြစ်နေသူများ လုံးဝ (လုံးဝ) မသုံးသင့်ပါဘူး။ skincare စသုံးမယ့် Beginner များအတွက် အားမပေးပါဘူးရှင့်။
Glorious Promise
Glorious Promise
Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်
Shipping
Shipping
♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

