Skip to product information
1 of 8

Anua

ANUA travel size double cleansing duo

ANUA travel size double cleansing duo

Regular price 50,000 MMK
Regular price Sale price 50,000 MMK
Sale Sold out

Blackhead များ၊ ဆားဝက်ခြံများနှင့် ပိတ်ဆို့နေသော ချွေးပေါက်များ (Clogged Pores) ကို သက်သာစေရန် လူကြိုက်အလွန်များသော Anua ၏ Double Cleansing Set ဖြစ်ပါတယ်။ မျက်နှာသစ်ရာတွင် အဆင့် (၂) ဆင့် သုံးစွဲခြင်းဖြင့် အသားအရေကို ကြည်လင်သန့်ရှင်းစေပြီး ဝက်ခြံထွက်တတ်သော အသားအရေများကို Heartleaf (Houttuynia Cordata) ဖြင့် ငြိမ်သက်စေပါသည်။

ပါဝင်ပစ္စည်းများနှင့် အာနိသင်:

  • Step 1: Heartleaf Pore Control Cleansing Oil: ပေါ့ပါးသော Oil type ဖြစ်ပြီး မိတ်ကပ်နှင့် နေလောင်ကာခရင်မ်များကို ဖယ်ရှားပေးရုံသာမက ချွေးပေါက်ထဲရှိ အဆီခဲများကို ပျော်ဝင်စေပြီး Blackhead များကို လျော့ပါးစေပါတယ်။ Non-comedogenic ဖြစ်လို့ ချွေးပေါက်မပိတ်စေပါ။
  • Step 2: Heartleaf Quercetinol Pore Deep Cleansing Foam: Heartleaf အမှုန်အမွှားလေးများပါဝင်ပြီး အဆီပြန်ခြင်းနှင့် ချွေးပေါက်ထဲကျန်ရှိနေသော အညစ်အကြေးများကို ၃၀၀၀ ppm ပါဝင်သော Heartleaf ဖြင့် နက်ရှိုင်းစွာ သန့်စင်ပေးပါတယ်။

အသားအရေ (Skin Type):
Oily Skin (အဆီပြန်သူများ)၊ Combination Skin (အဆီပြန်/ခြောက် အသားအရေ) နှင့် Sensitive Acne-Prone Skin (ဝက်ခြံထွက်လွယ်သူများ) အတွက် အထူးသင့်တော်ပါသည်။

အသုံးပြုပုံ (How to Use):

  1. မျက်နှာမသစ်ခင် ခြောက်သွေ့နေသော လက်ပေါ်သို့ Cleansing Oil ကို Pump ၂-၃ ချက် ယူပါ။
  2. မျက်နှာပေါ် နှံ့စပ်အောင် ညင်သာစွာ နှိပ်နယ်ပေးပါ (အထူးသဖြင့် နှာခေါင်းတစ်ဝိုက်)။ ထို့နောက် ရေနည်းနည်းဆွတ်ပြီး အဖြူရောင်အဆီအဖြစ် ပြောင်းသွားသည်အထိ ထပ်မံပွတ်ပေးပြီး ရေဆေးချပါ။
  3. Cleansing Foam ကို လက်ထဲတွင် အမြှုပ်ထစေပြီး မျက်နှာသစ်ပါ။

Glorious Honest Notes:

  • ဒီ Set က "Glass Skin" ရဖို့ အခြေခံအကျဆုံး သန့်စင်ခြင်းအဆင့် ဖြစ်ပါတယ်။
  • Cleansing Foam က အဆီကို ကောင်းကောင်းဖယ်ရှားပေးတာကြောင့် အသားအရေ အရမ်းခြောက်သူ (Very Dry Skin) တွေဆိုရင်တော့ မျက်နှာသစ်ပြီးချိန်မှာ နည်းနည်း တင်းသလို ခံစားရနိုင်ပါတယ်။ Toner/Moisturizer ချက်ချင်းပြန်လိမ်းပေးဖို့ အကြံပြုလိုပါတယ်။

Glorious Promise

Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်

Shipping

♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

View full details