Dior
Backstage Face & Body Foundation
Backstage Face & Body Foundation
Regular price
319,500 MMK
Regular price
378,500 MMK
Sale price
319,500 MMK
Unit price
per
Couldn't load pickup availability
Show Runway တွေမှာ မိတ်ကပ်ပညာရှင်တွေအသုံးများတဲ့ Dior ရဲ့ Iconic Foundation တစ်မျိုးဖြစ်ပါတယ်။ ပေါ့ပါးပြီး အသားအရေနဲ့တစ်ထပ်တည်းကျသလိုမျိုး (Second-skin effect) ရချင်သူတွေအတွက် အထူးထုတ်လုပ်ထားတာပါ။
ဘာကြောင့် လူကြိုက်များတာလဲ?
- Finish: Natural Matte Finish ဖြစ်ပါတယ်။ လုံးဝခြောက်ကပ်မသွားဘဲ သဘာဝဆန်ဆန် အသားအရေအတိုင်း လှနေစေပါတယ်။
- Texture: အလွန်ပေါ့ပါးတဲ့ Fluid texture ဖြစ်တာကြောင့် လိမ်းထားမှန်းမသိသာဘဲ သက်တောင့်သက်သာရှိပါတယ်။
- Coverage: Buildable Coverage အမျိုးအစားဖြစ်ပါတယ်။ ပါးပါးကြည်ကြည်လေးလိုချင်ရင် တစ်ထပ်တည်းလိမ်းနိုင်သလို၊ အပြစ်အနာအဆာဖုံးချင်ရင် ထပ်ဖြည့်လိမ်းနိုင်ပါတယ်။
- Lifestyle: ရေစို၊ ချွေးစိုဒဏ်ကို ခံနိုင်ရည်ရှိတာကြောင့် မြန်မာနိုင်ငံလို ပူအိုက်တဲ့ရာသီဥတုနဲ့ အလွန်ကိုက်ညီပါတယ်။ မျက်နှာသာမက ခန္ဓာကိုယ် (လည်ပင်း၊ ပခုံး) ပေါ်မှာပါ လိမ်းဖို့ အဆင်ပြေပါတယ်။
ဘယ်သူတွေနဲ့ အသင့်တော်ဆုံးလဲ?
- Oily, Combination နဲ့ Normal Skin သမားတွေအတွက် အကောင်းဆုံးပါ။
- "No-makeup" makeup look ကြိုက်နှစ်သက်သူတွေ၊ နေ့စဉ်ပေါ့ပေါ့ပါးပါး လိမ်းချင်သူတွေအတွက် Ideal ဖြစ်ပါတယ်။
ဘယ်လိုသုံးမလဲ?
- Sheer Coverage: လက်ချောင်းများဖြင့် နှံ့စပ်အောင် သတိထားလိမ်းပါ။
- Medium Coverage: Foundation Brush ဖြင့် နှစ်ထပ်ခန့်လိမ်းပါ။
Glorious မှ အကြံပြုချက် (Honest Notes):
- ဒီ Foundation က အရည်ကျဲပါတယ်။ အသုံးမပြုခင် ဘူးကိုသေချာလှုပ်ပေးဖို့ လိုအပ်ပါတယ်။
- Full Coverage (လုံးဝဖုံးအုပ်ပေးနိုင်စွမ်း) ကို ချက်ချင်းမပေးပါဘူး။ အမဲစက်များရင် Concealer တွဲသုံးဖို့ လိုအပ်ပါတယ်။
- အသားအရမ်းခြောက်ပြီး အဖတ်လန်တတ်သူများ (Very Dry Skin) ဆိုရင် သေချာ Moisturizer ကြိုလိမ်းပေးဖို့ လိုပါတယ်။ မဟုတ်ရင် အသားခြောက်ကွက်တွေကို ပေါ်သွားစေနိုင်ပါတယ်။
- Dior မှာ Fragrance (ရေမွှေးနံ့) ပါဝင်မှုရှိတာကြောင့် အနံ့ပြင်းမကြိုက်သူများ သတိပြုသင့်ပါတယ်။
Shade Note: အသားအရောင်ရွေးချယ်ရခက်ခဲပါက Glorious Team ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
Glorious Promise
Glorious Promise
Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်
Shipping
Shipping
♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

