Skip to product information
1 of 5

Benefit

The POREfessional Pore Minimizing Primer

The POREfessional Pore Minimizing Primer

Regular price 154,000 MMK
Regular price 212,000 MMK Sale price 154,000 MMK
Sale Sold out
Size

Makeup ချစ်သူတိုင်း သိထားသင့်တဲ့ Classic Primer တစ်ခုဖြစ်ပါတယ်။ Benefit ရဲ့ အရောင်းရဆုံး Star Product ဖြစ်ပြီး မျက်နှာပေါ်က ချွေးပေါက်ကျယ်တာတွေ၊ မျက်နှာပြင်မညီညာတာတွေကို အမြန်ဆုံး Blur လုပ်ပေးနိုင်ဖို့ ထုတ်လုပ်ထားတာပါ။

ဘာကြောင့် Glorious က ရွေးချယ်သလဲ?
Foundation မလိမ်းခင် Skin ကို Canvas တစ်ခုလို ပြောင်ချောနေအောင် ပြင်ဆင်ပေးနိုင်ပြီး Oil-free ဖြစ်လို့ မိတ်ကပ်သားကွက်တာ၊ ပြာတာမျိုး မဖြစ်စေပါဘူး။

အဓိက အာနိသင်များ

  • Instant Blurring: မျက်နှာပေါ်က ချွေးပေါက် (Pores) တွေနဲ့ အရေးအကြောင်း အသေးလေးတွေကို ချက်ချင်း ဖုံးကွယ်ပေးပါတယ်။
  • Velvety Finish: လိမ်းလိုက်တာနဲ့ အသားကို ဖဲသားလို ချောမွတ်သွားစေပြီး Matte Finish ကိုရစေပါတယ်။
  • Lock Makeup: မိတ်ကပ်သားကို ဆွဲကပ်ထားပေးလို့ အကြာကြီးခံစေပြီး T-zone အဆီပြန်တာကို သက်သာစေပါတယ်။
  • Translucent: အရောင်မပါတဲ့အတွက် ဘယ်အသားအရေအရောင်မဆို သုံးစွဲနိုင်ပါတယ်။

အသုံးပြုပုံ အကြံပြုချက်

  1. Skincare လိမ်းပြီး ၁-၂ မိနစ်လောက်စောင့်ပါ။
  2. အရမ်းအများကြီးမသုံးပါနဲ့။ ပဲစေ့ပမာဏလောက်သာ ယူပါ။
  3. ချွေးပေါက်ကျယ်တဲ့ T-zone သို့မဟုတ် ပါးနေရာတွေကို လက်ချောင်းလေးနဲ့ "ပုတ်ပြီး" (Patting motion) ထည့်ပေးပါ။ ပွတ်ဆွဲပြီး မလိမ်းရပါဘူး။
  4. ပြီးမှ Foundation သို့မဟုတ် Powder ဆက်လိမ်းပါ။

Honest Notes (သတိပြုရန်)

  • Silicone-based Primer ဖြစ်တဲ့အတွက် ညဘက်ရောက်ရင် Double Cleansing (Oil/Balm Cleanser) သေချာပြန်လုပ်ဖို့ လိုပါတယ်။ မဟုတ်ရင် ချွေးပေါက်ပိတ်နိုင်ပါတယ်။
  • အသားအရမ်းခြောက်ပြီး အဖတ်လန်တတ်သူတွေဆိုရင် ဒီ Original ဖော်မြူလာထက် "Hydrate" version က ပိုသင့်တော်နိုင်ပါတယ်။

Glorious Promise

Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်

Shipping

♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

View full details