Charlotte Tilbury
charlotte tilbury Mini Filmstar Bronze & Glow
charlotte tilbury Mini Filmstar Bronze & Glow
Couldn't load pickup availability
Charlotte Tilbury Mini Filmstar Bronze & Glow သည် မျက်နှာကို သဘာဝကျကျ V-shape ပုံစံသွယ်လျသွားစေရန် ဖန်တီးပေးနိုင်သော နာမည်ကျော် Contour (Sculpt) နှင့် Highlighter တွဲလျက် Mini Palette လေးဖြစ်ပါသည်။
-
ဘာကြောင့် Glorious က ရွေးချယ်သလဲ?: CT ရဲ့ Filmstar Palette ဟာ Red Carpet ပေါ်က ဟောလိဝုဒ်မင်းသမီးတွေရဲ့ မျက်နှာကို သွယ်လျပြီး Glow နေစေဖို့ အသုံးအများဆုံး လျှို့ဝှက်ချက်တစ်ခုဖြစ်လို့ပါ။ သာမန် Contour တွေလို မျက်နှာကို မည်းညစ်မသွားစေဘဲ သဘာဝကျကျ ဖန်တီးပေးနိုင်ပါတယ်။ Mini size လေးမို့ Full-size အကြီးကြီး ဝယ်စရာမလိုဘဲ ဈေးသက်သာစွာနဲ့ စမ်းသုံးနိုင်ပြီး၊ အိတ်ထဲထည့်သယ်ရလွယ်ကူတာကြောင့် Glorious ကနေ အထူး Recommend ပေးရခြင်းဖြစ်ပါတယ်။
အဓိကအာနိသင်များ
-
Sculpt (Bronzer): ရွှေရောင်ပုလဲမှုန်လေးများ ပါဝင်ပြီး မျက်နှာကို သဘာဝကျကျ မျက်နှာသွယ်လျစေပါတယ်။
-
Highlight: Light Flex Technology ပါဝင်လို့ အသားအရေကို ရွှေရောင်သန်းကာ ဝင်းလက်တောက်ပ (Luminous) ဖြစ်စေပါတယ်။
ဘယ်သူတွေအတွက်အသင့်တော်ဆုံးလဲ
မျက်နှာပြည့်အမ်းပြီး V-shape သွယ်လျချင်သူများ၊ မိတ်ကပ်လိမ်းပြီးချိန် ပိုမိုပေါ်လွင်ချင်သူများ၊ သဘာဝကျကျ Glow နေတဲ့ အသားအရေကို ပိုင်ဆိုင်ချင်သူများအတွက် အသင့်တော်ဆုံးပါ။
How to use
-
Sculpt: ပါးရိုးအောက်ချိုင့်ဝင်သွားသည့်နေရာ၊ မေးရိုး၊ နဖူးဘေးစွန်းနှင့် နှာခေါင်းဘေးဘက်များကို Brush ဖြင့် ဖြည်းဖြည်းချင်း ဖြန့်လိမ်းပေးပါ။
-
Highlight: ပါးရိုးအပေါ်ဘက်၊ နှာတံ၊ မေးစေ့နှင့် နှုတ်ခမ်းအပေါ် (Cupid's bow) နေရာများကို ပေါ့ပေါ့ပါးပါး ပွတ်ဆွဲပေးပါ။
Glorious Honest notes & PAO
-
Glorious Honest Notes : ဒီ Contour နဲ့ Highlight က မြင်နေကျ အရောင်စူးစူး တောက်ပလွန်းတဲ့ ဟာမျိုး မဟုတ်ဘဲ အသားထဲစိမ့်ဝင်သွားသလို "Natural Sun-kissed Glow" လေး ပေးပါတယ်။ သူက Blending လုပ်ရ အရမ်းလွယ်လို့ မိတ်ကပ်စလိမ်းခါစ လူတွေသုံးရင်တောင် လုံးဝအကွက်မဖြစ်ပါဘူး။ ဒါပေမဲ့ သူ့ရဲ့ အရောင်ထွက်က သဘာဝအရမ်းဆန်လွန်းတဲ့အတွက် အရောင်တောက်တောက် ရင့်ရင့်ကြီးနဲ့ ပြင်းပြင်းထန်ထန် Contour လုပ်ရတာ ကြိုက်တဲ့သူတွေဆိုရင်တော့ အားမရဖြစ်နိုင်ပါတယ်။ နေ့စဉ် မိတ်ကပ်လိမ်းတဲ့အခါ မျက်နှာလေး သဘာဝကျကျ သွယ်လျလှပနေချင်တဲ့ သူတွေအတွက်တော့ အရမ်းအဆင်ပြေပါတယ်။
-
PAO: 30M
Glorious Promise
Glorious Promise
Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်
Shipping
Shipping
♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

