Skip to product information
1 of 6

Charlotte Tilbury

Charlotte Magic Cream

Charlotte Magic Cream

Regular price 174,500 MMK
Regular price 665,500 MMK Sale price 174,500 MMK
Sale Sold out
size

ဒါက ကမ္ဘာကျော် Makeup Artist Charlotte Tilbury ရဲ့ နာမည်အကြီးဆုံး၊ အရောင်းရဆုံး Moisturizer ဖြစ်ပါတယ်။ Fashion Show နောက်ကွယ်မှာ မော်ဒယ်တွေရဲ့ ပင်ပန်းနွမ်းနယ်နေတဲ့ အသားအရေကို ချက်ချင်း အားပြန်ဖြည့်ပေးဖို့ ဖန်တီးထားတဲ့ "Magic" Cream တစ်ခုပါ။

Product အကြောင်း သိထားသင့်သည်များ

  • အဓိက အာနိသင်: ရေဓာတ် လိုအပ်ပြီး ခြောက်သွေ့နေတဲ့ အသားအရေကို ချက်ချင်း ရေဓာတ်ဖြည့်ပေးပါတယ်။ အသားအရေကို တင်းရင်းစေပြီး (Plumping Effect) ပေးနိုင်တာကြောင့် မိတ်ကပ်လိမ်းတဲ့အခါ အသားက ညီညာချောမွေ့နေစေပါတယ်။
  • Finish Ref: လိမ်းလိုက်တာနဲ့ အသားအရေက ကျန်းမာပြီး စိုပြေတောက်ပတဲ့ (Dewy Glow) ကို ရရှိစေမှာပါ။
  • Key Ingredients: Hyaluronic Acid (ရေဓာတ်), Vitamins C & E (အသားကြည်လင်စေရန်), BioNymph Peptide Complex (အရေးအကြောင်းသက်သာစေရန်) နှင့် Rosehip/Camellia Oils (အသားအရေ စိုပြေစေရန်) ပါဝင်ပါတယ်။

ဘယ်သူတွေနဲ့ အသင့်တော်ဆုံးလဲ?

  • အသားခြောက်သူများ (Dry Skin) နှင့် ရေဓာတ်လိုအပ်နေသူများ (Dehydrated Skin)။
  • မိတ်ကပ်မလိမ်းခင် အသားအရေကို ပြင်ဆင်ချင်သူများ (Primer အနေနဲ့ပါ သုံးလို့ရပါတယ်)။
  • အသားအရေ မွဲခြောက်ပြီး နွမ်းနယ်နေသူများ။

Glorious မှ အကြံပြုချက် (Honest Notes)

  • ဒါက Rich Cream Texture ဖြစ်ပါတယ်။ အသားအရမ်းအဆီပြန်တတ်သူ (Oily Skin) တွေနဲ့ ဝက်ခြံထွက်လွယ်သူတွေအတွက် အနည်းငယ် လေးလံနိုင်ပါတယ်။ အဆီပြန်သူများအတွက် "Magic Cream Light" သို့မဟုတ် "Magic Water Cream" က ပိုသင့်တော်နိုင်ပါတယ်။
  • သူ့မှာ နူးညံ့တဲ့ ပန်းနံ့သင်းသင်းလေး (Pleasant Scent) ပါဝင်ပါတယ်။ Fragrance sensitive ဖြစ်သူများ သတိပြုသင့်ပါတယ်။

အသုံးပြုနည်း
မနက်ပိုင်း Skincare ၏ နောက်ဆုံးအဆင့် (Sunscreen မတိုင်ခင်) လိမ်းပေးပါ။ မျက်နှာအလယ်မှ ဘေးဘက်သို့ အသာအယာ နှိပ်နယ်ပြီး လိမ်းပေးလျှင် သွေးလည်ပတ်မှုကောင်းစေပြီး ပိုထိရောက်ပါတယ်။

 

PAO -(12M)

Glorious Promise

Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်

Shipping

♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

View full details