Clinique
Clarifying Lotion 2
Clarifying Lotion 2
Couldn't load pickup availability
Clinique ရဲ့ နာမည်ကြီး 3-Step System မှာ Step 2 ဖြစ်တဲ့ Clarifying Lotion 2 လေးက ရေဓာတ်ဖြည့်ပေးတဲ့ Hydrating Toner မဟုတ်ပါဘူး။ ဆဲလ်သေတွေကို ဖယ်ရှားပေးတဲ့ Liquid Exfoliator (အညစ်အကြေးသန့်စင်ဆေးရည်) ဖြစ်ပါတယ်။ အထူးသဖြင့် Dry Combination Skin (T-zone အနည်းငယ်အဆီပြန်ပြီး ပါးပြင်ခြောက်သူများ) အတွက် သီးသန့်ထုတ်လုပ်ထားတာပါရှင့်
ဘယ်လိုအာနိသင်ရနိုင်လဲ?
- Deep Clean: မျက်နှာသစ်ပြီး ကျန်နေသေးတဲ့ အညစ်အကြေး၊ အဆီနဲ့ ဆဲလ်သေတွေကို ဂွမ်းနဲ့ သန့်စင်လိုက်တဲ့အခါ ပါသွားစေပါတယ်။
- Better Absorption: ဆဲလ်သေတွေ ဖယ်ရှားလိုက်တဲ့အတွက် နောက်ထပ်လိမ်းမယ့် Moisturizer က အရေပြားထဲ ပိုစိမ့်ဝင်လွယ်စေပါတယ်။
- Pores: ချွေးပေါက်တွေကို သန့်စင်ပေးလို့ ချွေးပေါက်ကျဉ်းစေပြီး အသားအရေကို ကြည်လင်လန်းဆန်းစေပါတယ်။
Texture & Scent
အရည်ကျဲ (Watery texture) ဖြစ်ပြီး လိမ်းလိုက်ရင် အေးမြတဲ့ ခံစားမှု (Cooling sensation) ကို ပေးပါတယ်။ Alcohol Denat နဲ့ Menthol ပါဝင်လို့ ဆေးရနံ့ သင်းသင်းလေး ရှိနိုင်ပါတယ်။
ဘယ်သူတွေသုံးသင့်လဲ?
- T-zone (နဖူး၊ နှာခေါင်း) အဆီပြန်ပြီး ပါးပြင်ဘက် ခြောက်သွေ့သူများ (Type 2 Skin)။
- မျက်နှာသစ်ပြီးတာတောင် မသန့်သလို ခံစားရသူများ။
- Skincare လိမ်းရင် စိမ့်မဝင်ဘဲ မျက်နှာပေါ် တင်နေသလို ခံစားရသူများ။
အသုံးပြုနည်း
- မနက် တစ်ကြိမ်၊ ည တစ်ကြိမ် မျက်နှာသစ်ပြီးတိုင်း သုံးနိုင်ပါတယ်။
- ဂွမ်း (Cotton Pad) ပေါ်မှာ အရည်ရွှဲအောင် ဆွတ်ပါ။
- မျက်နှာနဲ့ လည်ပင်းကို ဖွဖွလေး တစ်ကြိမ်သာ ပွတ်ဆွဲပြီး သုတ်ပေးပါ (အတင်း ဖိပွတ်စရာ မလိုပါဘူး)။
- မျက်လုံးနားတဝိုက်ကို ရှောင်ပေးပါ။ ပြီးရင် Moisturizer ဆက်လိမ်းပါ။
Glorious Honest Note
Alcohol ပါဝင်မှုနှုန်း မြင့်မားပါတယ်။ ဒါက Clinique ရဲ့ Signature ဖြစ်ပြီး အသားကို ပိုးသတ်သန့်စင်ပေးပြီး အေးမြစေဖို့ပါ။ ဒါပေမဲ့ အသားအရေ အရမ်းပါးသူတွေ၊ Alcohol နဲ့ မတည့်သူတွေ၊ အသားပတ်/အသားလန်နေသူတွေဆိုရင် စပ်ဖျင်းဖျင်း ဖြစ်နိုင်လို့ ရှောင်သင့်ပါတယ်။ ပုံမှန် Combination skin သမားတွေအတွက်တော့ အလွန် refresh ဖြစ်စေပါတယ်။
PAO-(24M)
Glorious Promise
Glorious Promise
Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်
Shipping
Shipping
♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

