Sigma
CLASSIC FACE BRUSH SET
CLASSIC FACE BRUSH SET
Couldn't load pickup availability
မျက်နှာပြင် မိတ်ကပ်လိမ်းခြယ်ရတာကို နှစ်သက်ပြီး အရည်အသွေးမြင့် Brush တွေကို စုစည်းထားတာမျိုး လိုချင်တယ်ဆိုရင်တော့ Sigma ရဲ့ ဒီ Classic Face Brush Set လေးက အသင့်တော်ဆုံးပါပဲ။ မျက်နှာတစ်ခုလုံးအတွက် အလိုအပ်ဆုံး Basic Brushes (၃) ချောင်းပါဝင်ပြီး Powder, Blush နဲ့ Foundation တို့ကို သပ်ရပ်လှပစွာ လိမ်းနိုင်ဖို့ ကူညီပေးပါလိမ့်မယ်။
Set ထဲတွင် ပါဝင်သော Brushes များ:
- F30 Large Powder Brush: ခေါင်းအကြီးကြီးနဲ့ အမွှေးပွပွပုံစံဖြစ်လို့ Powder (ပေါင်ဒါ) တွေကို မျက်နှာနဲ့ လည်ပင်း၊ ကိုယ်ခန္ဓာအနှံ့ တစ်ပြေးညီ ဖြန့်က်ြဲလိမ်းပေးဖို့ အကောင်းဆုံးပါ။
- F40 Large Angled Contour Brush: ထောင့်ချိုးပုံစံလေးဖြစ်လို့ ပါးကို Blush/ Bronzer တင်တဲ့အခါမှာပဲဖြစ်ဖြစ်၊ မျက်နှာအချိုးအစားပေါ်လွင်အောင် Contour ဆွဲတဲ့အခါမှာပဲဖြစ်ဖြစ် အရမ်းအသုံးဝင်ပါတယ်။
- F50 Duo Fibre Brush: အမွှေး အတို၊ အရှည် မျှထားတဲ့ ပုံစံဖြစ်ပါတယ်။ Foundation ကို ပါးပါးကြည်ကြည်လေးနဲ့ Airbrush effect ရချင်သူတွေ၊ ဒါမှမဟုတ် ပါးနီနဲ့ Highlighter တွေကို သဘာဝဆန်ဆန် တင်ချင်သူတွေအတွက် အထူးသင့်တော်ပါတယ်။
Glorious ၏ အကြံပြုချက်:
ဒီ Set လေးက Beginner ကနေ Pro အထိ သုံးလို့အဆင်ပြေပါတယ်။ Sigma ရဲ့ မူပိုင် Sigmax® နှင့် SigmaTech® technology သုံးထားတဲ့ Synthetic အမွှေးတွေဖြစ်လို့ ဘက်တီးရီးယားခိုအောင်းမှု နည်းပါးသလို၊ လျှော်ဖွပ်ရလည်း လွယ်ကူပါတယ်။
Honest Note:
ဒီ Set ထဲက Foundation အတွက်သုံးတဲ့ F50 (Duo Fibre) brush က Coverage ကို ပါးပါးကြည်ကြည် (Sheer-Medium) ပဲ ပေးနိုင်ပါတယ်။ တကယ်လို့ Foundation ကို Full Coverage လိုချင်တယ်၊ အပြစ်အနာအဆာ ဖုံးချင်တယ်ဆိုရင်တော့ ဒီ Set အပြင် သီးသန့်ထုတ်ထားတဲ့ Flat Kabuki (F80) brush မျိုးကို ထပ်ဖြည့်သုံးဖို့ အကြံပေးချင်ပါတယ်။
Glorious Promise
Glorious Promise
Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်
Shipping
Shipping
♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

