CLEAN RESERVE
Classic - Clean beauty Warm Cotton
Classic - Clean beauty Warm Cotton
Couldn't load pickup availability
အဝတ်လျှော်ပြီးစ သန့်ရှင်းလတ်ဆတ်တဲ့ ရနံ့ကို နှစ်သက်သူများအတွက် အဆင့်မြင့်ဆုံးရွေးချယ်မှုဖြစ်ပါတယ်။ ဒါက ရိုးရိုး Clean Classic line မဟုတ်ပါဘူး၊ ပါဝင်ပစ္စည်းတွေကို စနစ်တကျရွေးချယ်ထားတဲ့ Reserve Blend ဖြစ်တာကြောင့် ရနံ့က ပိုပြီးနူးညံ့သိမ်မွေ့သလို၊ ပိုပြီးလည်း "Luxury" ဆန်ပါတယ်။
ဘာကြောင့် Glorious က ရွေးချယ်တာလဲ?
ဆပ်ပြာနံ့ သင်းသင်းလေးဆိုပေမယ့် ခေါင်းကိုက်စေတဲ့ အနံ့မျိုးမဟုတ်ဘဲ၊ နေရောင်အောက်မှာ လှမ်းထားတဲ့ ပူပူနွေးနွေး တဘက် (Towel) လေးကို မျက်နှာအပ်လိုက်ရသလို ခံစားချက်မျိုး ပေးစွမ်းနိုင်လို့ပါ။
ရနံ့ ပုံစံ (Scent Notes)
- Top Notes: လတ်ဆတ်သော လေနုအေးရနံ့ နှင့် Bergamot (ရနံ့ကို ပိုလန်းဆန်းစေပါတယ်)။
- Middle Notes: Cotton Flower နှင့် ပန်းနုရောင်ပန်းပွင့်လေးများ။
- Base Notes: Amber နှင့် Musk (ဒါက ရနံ့ကို စူးရှမနေစေဘဲ ရေရှည်စွဲအောင် ထိန်းပေးပါတယ်)။
ဘယ်သူတွေအတွက်လဲ?
- ပန်းနံ့၊ သစ်သားနံ့ ပြင်းပြင်းတွေ မကြိုက်ဘဲ၊ ရေချိုးပြီးစ လူကိုသန့်ရှင်းလန်းဆန်းစေတဲ့ အနံ့မျိုးကိုသာ ရှာနေသူများ။
- ရုံးတက်၊ ကျောင်းသွား Daily Use သုံးချင်သူများ။
- Fragrance အနံ့စူးတာတွေကို ခံနိုင်ရည်မရှိသူများ (Migraine sensitive သမားများ စမ်းသုံးသင့်ပါတယ်)။
Glorious Honest Note:
ဒါက 5ml size အသေးလေးဖြစ်တဲ့အတွက် ပုလင်းကြီးမဝယ်ခင် စမ်းသုံးချင်သူတွေနဲ့ ခရီးဆောင်သယ်သွားချင်သူတွေအတွက် အဆင်ပြေဆုံးပါပဲ။
How to Use:
လက်ကောက်ဝတ်၊ နားအနောက်နဲ့ လည်ပင်းနေရာတွေကို တို့ပေးပါ။ Clean Scent ဖြစ်လို့ အများကြီးသုံးမိရင်တောင် အနံ့မမွှန်ပါဘူး။
Glorious Promise
Glorious Promise
Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်
Shipping
Shipping
♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

