Skip to product information
1 of 9

Charlotte Tilbury

CT COLLAGEN LIP BATH Lipsticks

CT COLLAGEN LIP BATH Lipsticks

Regular price 63,000 MMK
Regular price 104,000 MMK Sale price 63,000 MMK
Sale Sold out
Shade

Charlotte Tilbury Collagen Lip Bath (Pillow Talk, Pillow Talk Medium, Refresh Rose)

ဒီထုတ်ကုန်က ဘာလဲ? ဒါကတော့ နှုတ်ခမ်းသားကို ရေဓာတ်အပြည့်အဝဖြည့်ပေးပြီး ပိုမိုပြည့်ဖြိုးအိစက်သွားစေတဲ့ (Plumping effect) Charlotte Tilbury ရဲ့ နာမည်ကြီး Lip Gloss ဖြစ်ပါတယ်။ Marine Collagen, Peptides နဲ့ အုန်းဆီတို့ ပါဝင်တဲ့အတွက် နှုတ်ခမ်းသားကို ကျန်းမာစေပြီး စိုပြည်ဝင်းလက်စေပါတယ်။

  • Finish: Dewy (မှန်လို ကြည်လင်တောက်ပတဲ့ High-shine ဖန်တီးမှုပါ)

  • Coverage: Sheer (ပါးးပါးကြည်ကြည်လေးနဲ့ သဘာဝကျကျ အရောင်လေး ထွက်ပါတယ်)

Shades (အရောင်ရွေးချယ်မှုများ):

  • Pillow Talk: နာမည်ကြီး Nude-pink အရောင်လေးဖြစ်ပြီး နေ့စဥ်လိမ်းဖို့ အကောင်းဆုံးပါ။

  • Pillow Talk Medium: ပိုပြီးသိသာတဲ့ Berry-pink အရောင်လေးဖြစ်လို့ အသားလတ်သူတွေနဲ့ ညဘက်ပွဲသွားဖို့ ပိုအဆင်ပြေပါတယ်။

  • Refresh Rose: အရောင်မပါသလောက်ဖြစ်ပြီး (Clear) သဘာဝအတိုင်း နှုတ်ခမ်းလေးကို ကြည်ကြည်လင်လင် Glow ဖြစ်စေပါတယ်။

ဘယ်သူတွေအတွက် သင့်တော်လဲ?

  • နှုတ်ခမ်းအရမ်းခြောက်တတ်သူတွေ၊ အဖတ်လန်တတ်သူတွေ။

  • နှုတ်ခမ်းလေး ပြည့်ပြည့်အိအိလေးနဲ့ Glossy ဖြစ်တဲ့ပုံစံ (Dewy finish) ကို ကြိုက်နှစ်သက်သူတွေအတွက် အထူးသင့်တော်ပါတယ်။

ဘယ်လိုအသုံးပြုရမလဲ?

  • နှုတ်ခမ်းပေါ်ကို တိုက်ရိုက်ဆိုးပေးလို့ရပါတယ်။ (သူ့ရဲ့ Heart-shape applicator လေးက နှုတ်ခမ်းအပေါ်ကို အလွယ်တကူ ဆိုးဖို့ ဒီဇိုင်းထုတ်ထားပါတယ်)

  • မိမိနှစ်သက်ရာ Lipstick တစ်ခုခုဆိုးပြီး အပေါ်ကနေ ထပ်ဆိုး (Topper အနေနဲ့) လည်း သုံးနိုင်ပါတယ်။

Honest Notes (Glorious ၏ ရိုးသားသော အကြံပြုချက်)

  • ဒီ Lip gloss မှာ Peppermint  ပါဝင်တဲ့အတွက် ဆိုးလိုက်တဲ့အခါ နှုတ်ခမ်းပေါ်မှာ အေးပြီး စပ်ဖျဉ်းဖျဉ်း (Tingling sensation) လေး ဖြစ်တတ်ပါတယ်။ ဒါက နှုတ်ခမ်းကို ပြည့်ဖြိုးစေတဲ့ (Plumping) လုပ်ငန်းစဉ် ဖြစ်လို့ စိတ်ပူစရာမလိုပါဘူး။

  • Gloss အမျိုးအစားဖြစ်တဲ့အတွက် အစားစားလိုက်ရင် ပျက်သွားတတ်ပြီး အချိန်ကြာရှည်ခံမှာ (Long-lasting) မဟုတ်ပါဘူး။ ဒါကြောင့် တစ်နေ့တာအတွင်း လိုအပ်သလို ပြန်ဆိုးပေးဖို့ (Reapply) လုပ်ပေးဖို့ လိုအပ်ပါတယ်။

  • Shade Note: နှုတ်ခမ်းသား မူလအရောင်နဲ့ အသားအရေ (Skin tone) ပေါ်မူတည်ပြီး အရောင်ထွက်ကွာခြားနိုင်ပါတယ်။ 

The Glorious Promise Glorious မှ ရောင်းချသော ပစ္စည်းတိုင်းသည် စစ်မှန်မှု (Authentic) ရှိပြီး Fresh PAO ဖြစ်စေရန် သေချာစွာ စိစစ်ရွေးချယ်ထားပါသည်။ သင့်အသားအရေ၊ သင့်လိုအပ်ချက်နဲ့ အကိုက်ညီဆုံးဖြစ်အောင် ကူညီရွေးချယ်ပေးဖို့ ကျွန်ုပ်တို့ အမြဲအသင့်ရှိနေပါတယ်။
PAO-12M

Glorious Promise

Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်

Shipping

♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

View full details