Skip to product information
1 of 7

Briogeo

Deep Conditioning Mask

Deep Conditioning Mask

Regular price 32,000 MMK
Regular price 90,500 MMK Sale price 32,000 MMK
Sale Sold out
Size

ကမ္ဘာကျော် Briogeo brand ရဲ့ Award-winning အရဆုံး၊ လူကြိုက်အများဆုံး Hair Mask လေး ဖြစ်ပါတယ်။ ဓာတုဆေးတွေကြောင့်၊ အပူဒဏ်ကြောင့် ပျက်စီးခြောက်သွေ့နေတဲ့ ဆံသားတွေကို ပြန်လည်ပြုပြင်ပေးဖို့အတွက် အကောင်းဆုံး Treatment တစ်ခုပါ။

ဘာတွေထူးခြားလဲ?

  • Balance of Protein & Moisture: ဆံသားသန်စွမ်းဖို့ Protein ဓာတ်နဲ့ နူးညံ့ပျော့ပျောင်းဖို့ Moisture ဓာတ်ကို အချိုးအစားမျှတစွာ ပေါင်းစပ်ထားပါတယ်။
  • Key Ingredients: Rosehip Oil (အစိုဓာတ်ထိန်းပေးသည်)၊ Algae Extract (ဆံသားကျိုးပြတ်မှုကို ကာကွယ်ပေးသည်) နှင့် B-Vitamins (ဆံသားအားဖြည့်ပေးသည်) တို့ပါဝင်ပါတယ်။
  • Clean Formula: Hair Care တွေမှာ အတွေ့ရများတဲ့ Silicone ၊ Sulfate နဲ့ harsh chemicals တွေ လုံးဝမပါဝင်ပါဘူး။

ဘယ်သူတွေသုံးသင့်လဲ?

  • ဆံပင်အရောင်ခဏခဏချွတ်ထားသူများ။
  • အပူ (ကောက်စက်/ ဖြောင့်စက်) မကြာခဏ သုံးသူများ။
  • ဆံသားအဖျား နှစ်ခွဖြစ်ပြီး ခြောက်သွေ့နေသူများ။

အသုံးပြုပုံ
၁။ ခေါင်းလျှော်ပြီးချိန်တွင် ရေနွေး/ပူနေသောရေကို မသုံးဘဲ ရေကိုအသာအယာညှစ်ထုတ်ပါ။
၂။ Mask ကို ဆံသားအလယ်ပိုင်းမှ အဖျားထိ သေချာနှံ့စပ်အောင် လိမ်းပေးပါ။
၃။ အနည်းဆုံး (၁၀) မိနစ်ခန့်ထားပြီးမှ ရေအေးဖြင့် သန့်စင်အောင် ဆေးချပါ။ (တစ်ပတ်လျှင် ၁ ကြိမ် သို့မဟုတ် ၂ ကြိမ် သုံးနိုင်သည်)။

Honest Notes (သတိပြုရန်):
ဒီ Mask က Silicone-free ဖြစ်တဲ့အတွက် supermarket တွေမှာဝယ်လို့ရတဲ့ conditioner တွေလို လိမ်းလိုက်တာနဲ့ ချက်ချင်း ချောကျွတ်သွားတဲ့ ခံစားမှုကို ပေးမှာမဟုတ်ပါဘူး။ ဆံသားအတွင်းပိုင်းထိ ဝင်ရောက်ပြုပြင်ပေးတဲ့ ပုံစံမျိုးမို့ ရေရှည်သုံးမှ သိသာတဲ့ ကျန်းမာတဲ့ဆံသားကို ရရှိမှာ ဖြစ်ပါတယ်။ 30ml ဆိုတာ Travel size ဗူးအသေးလေးဖြစ်မို့ စမ်းသုံးကြည့်ချင်သူတွေအတွက် အဆင်ပြေပါတယ်။

Glorious Promise

Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်

Shipping

♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

View full details