Color Wow
Dream Coat for Curly Hair
Dream Coat for Curly Hair
Couldn't load pickup availability
ကမ္ဘာကျော် Color Wow ရဲ့ နာမည်ကြီး Dream Coat လိုင်းထဲကမှ သဘာဝဆံပင်ကောက်သူ/တွန့်သူတွေအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ ချောမွေ့တောက်ပစေသော Styling Spray လေးရဲ့ 75ml (အသေးစား) လေးဖြစ်ပါတယ်။ ဆံပင်ကောက်သူတွေ သုံးလေ့ရှိတဲ့ Gel တွေ၊ Cream အလေးကြီးတွေ၊ Serum တွေ အများကြီးသုံးစရာမလိုဘဲ ဒီ Spray တစ်မျိုးတည်းနဲ့တင် ဆံသားကို အိကျပြီး ပုံကျလှပတဲ့ ကောက်ကြောင်းလေးတွေ ရရှိစေပါတယ်။
Coverage (အရောင်ထွက်အား)
- Sheer (Haircare ဖြစ်လို့ အရောင်မထွက်ဘဲ ဆံသားကို ကြည်လင်တောက်ပတဲ့ အလွှာပါးလေး ဖုံးအုပ်ပေးပါတယ်။)
Finish (အသားပေးမှု)
- Natural (Gel တွေ သုံးထားသလို ဆံပင်တွေ မာတောင့်တောင့်ကြီးနဲ့ ကပ်မနေဘဲ (Crunch-free) သဘာဝအတိုင်း ပျော့ပျောင်းအိကျပြီး တောက်ပတဲ့ Finish ကို ရရှိစေပါတယ်။)
Who it's for (ဘယ်သူတွေအတွက် သင့်တော်လဲ)
- သဘာဝဆံပင် တွန့်တဲ့သူတွေ၊ ကောက်တဲ့သူတွေ (Wavy & Curly Hair)။
- ဆံပင်ပုံသွင်းရင် Gel နဲ့ Cream တွေကြောင့် ဆံသားလေးလံပြီး စေးကပ်ကပ်ဖြစ်တာကို မကြိုက်သူတွေ။
- ပူအိုက်စွတ်စိုတဲ့ ရာသီဥတုမှာ ဆံပင်တွေ ဖွာလန်ကြဲမသွားအောင် ထိန်းသိမ်းချင်သူတွေအတွက် အထူးသင့်တော်ပါတယ်။
How to use (ဘယ်လိုအသုံးပြုရမလဲ)
- ခေါင်းလျှော်ပြီးနောက် ဆံပင်ရေစိုနေချိန် (သို့) မခြောက်တခြောက် အချိန်မှာ Spray ကို ဆံသားအနှံ့ လုံလောက်စွာ ဖျန်းပေးပါ။
- Original Dream Coat လိုမျိုး အပူပေးစရာ / Hair Dryer နဲ့ မှုတ်စရာ လုံးဝ မလိုပါဘူး။ Spray ဖျန်းပြီးတာနဲ့ သဘာဝအတိုင်း အခြောက်ခံ (Air dry) လိုက်ရုံပါပဲ။ (ပိုမြန်ချင်ရင် Diffuser ခေါင်းတပ်ပြီး dryer မှုတ်ပေးလို့ ရပါတယ်။)
Glorious Promise
Glorious Promise
Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်
Shipping
Shipping
♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

