Sigma
E40 TAPERED BLENDING BRUSH
E40 TAPERED BLENDING BRUSH
Couldn't load pickup availability
Eyeshadow blending လုပ်တဲ့နေရာမှာ "Holy Grail" လို့ တင်စားခေါ်ဝေါ်ကြတဲ့ Sigma ရဲ့ အအောင်မြင်ဆုံး Brush တစ်ချောင်းဖြစ်ပါတယ်။ Transition shade တွေထည့်ဖို့နဲ့ Eye look တစ်ခုလုံး ပြေပြစ်သွားအောင် (Harsh line တွေမကျန်အောင်) Blend လုပ်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ Brush အမျိုးအစားပါ။
ဘာကြောင့် Glorious က ရွေးချယ်တာလဲ?
- Role: Harsh Lines တွေကို ပျောက်သွားအောင် လုပ်ပေးတဲ့အဆင့် (Buffing & Blending) အတွက် အထူးသင့်တော်ပါတယ်။
- Bristle Texture: Sigma Tech® Fibers ကိုသုံးထားလို့ သဘာဝမွှေးတွေလို နူးညံ့ပေမယ့် ဘက်တီးရီးယားကပ်ငြိမှုကို ကာကွယ်ပေးပြီး ရေဆေးရလွယ်ကူစေပါတယ်။
- Shape: ထိပ်ပိုင်း ဝိုင်းပြီးကားနေတဲ့ပုံစံ (Fluffy & Tapered) ဖြစ်လို့ Crease နေရာမှာ "Windshield Wiper" ပုံစံဝဲပြီး သုံးရတာ အဆင်ပြေဆုံးပါ။
ဘယ်သူတွေအတွက်လဲ?
- Eyeshadow အနားသတ်မျဉ်းတွေ ပြတ်နေတာကို မကြိုက်တဲ့သူများ။
- Beginner ကနေ Pro အထိ လက်စွဲတော်ထားချင်သူများ။
- Powder product များကို အဓိကသုံးသူများ။
Glorious Honest Note:
ဒါက အရောင်တင်တဲ့ (Packing) Brush မဟုတ်ပါဘူး။ Color pigment ကို packed ဖြစ်အောင်ထည့်ချင်ရင် E55 လိုမျိုးသုံးမှရပါမယ်။ E40 က အရောင်တွေကို ပြန့်သွားအောင်၊ ပါးသွားအောင် လုပ်ပေးတဲ့ Brush ပါ။ မျက်ခွံအရမ်းကျဉ်းတဲ့သူတွေဆိုရင် E40 က နည်းနည်းကြီးနေနိုင်လို့ E25 လိုမျိုး ပိုသေးတဲ့ Blending brush က ပိုအဆင်ပြေနိုင်ပါတယ်။
Glorious Promise
Glorious Promise
Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်
Shipping
Shipping
♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

