Hourglass
Equilibrium Rebalancing Cream Cleanser
Equilibrium Rebalancing Cream Cleanser
Couldn't load pickup availability
အသားအရေကို သန့်စင်ပေးပြီး ရေဓာတ်မျှတအောင် နဂိုအတိုင်းပြန်လည်ထိန်းညှိပေးမယ့် Luxury Cleanser လေးဖြစ်ပါတယ်။ မျက်နှာသစ်ပြီးတိုင်း အသားခြောက်ပြီး တင်းသွားတာမျိုးမဖြစ်စေဘဲ သက်တောင့်သက်သာရှိတဲ့ ခံစားမှုကို ပေးစွမ်းနိုင်ပါတယ်။
ဘာကြောင့် Glorious က ရွေးချယ်တာလဲ?
ဒီ Cleanser က Cream type ဆိုပေမယ့် ရေထိလိုက်ရင် အမြှုပ်ထွက်လာတဲ့ (rich lather) ပုံစံမျိုးပါ။ pH-balanced ဖြစ်လို့ အသားအရေရဲ့ သဘာဝအတားအဆီး (Skin Barrier) ကို မပျက်စီးစေဘဲ ဖုန်မှုန့်၊ အဆီနဲ့ အညစ်အကြေးတွေကို နူးညံ့စွာ ဖယ်ရှားပေးပါတယ်။ Hourglass ရဲ့ နာမည်ကြီး Cell Balancing Complex™ ပါဝင်လို့ အသားအရေကို ပြန်လည်လန်းဆန်းစေပါတယ်။
အဓိကအချက်များ
- Texture: ခရင်မ်သားအနှစ်မှ အမြှုပ်အိအိလေးအဖြစ် ပြောင်းလဲသွားပါတယ်။
- Finish: မျက်နှာသစ်ပြီးချိန်မှာ အသားမခြောက်ဘဲ နူးညံ့စိုပြေနေပါမယ်။
- Skin Type: Normal, Combination နဲ့ Dry Skin များအတွက် အထူးသင့်တော်ပါတယ်။
- Size: ဒါက 28ml ပါဝင်တဲ့ Travel Size (Mini Size) လေးမို့ စမ်းသုံးကြည့်ချင်သူတွေအတွက် အဆင်ပြေပါတယ်။
အသုံးပြုပုံ
မျက်နှာကို ရေစွတ်ပြီး Cleanser အနည်းငယ်ကို လက်ဖဝါးထဲထည့်ကာ အမြှုပ်ထွက်အောင် ပွတ်ပေးပါ။ ပြီးမှ မျက်နှာပြင်ပေါ် နှိပ်နယ်ပြီး ရေဆေးချပါ။ မနက်ရော ညပါ သုံးနိုင်ပါတယ်။
Glorious Honest Note:
ဒါက အမြှုပ်အရမ်းထွက်ပြီး လုံးဝသန့်စင်သွားတာမျိုး ကြိုက်တဲ့ Oily Skin သမားတွေထက်၊ မျက်နှာသစ်ပြီးရင် အသားအရေကို Balance ဖြစ်ပြီး နူးညံ့ကျန်ခဲ့တာကို ကြိုက်တဲ့သူတွေနဲ့ ပိုကိုက်ညီပါတယ်။ စျေးနူန်းမြင့် Brand ဖြစ်တဲ့အတွက် ဒီ 28ml size လေးက စမ်းသုံးကြည့်ဖို့ အကောင်းဆုံးပါပဲ။
Glorious Promise
Glorious Promise
Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်
Shipping
Shipping
♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

