Color Wow
Extra Strength Dream Coat
Extra Strength Dream Coat
Couldn't load pickup availability
ကမ္ဘာကျော် Color Wow ရဲ့ နာမည်အကြီးဆုံး Dream Coat ကိုမှ ပိုမိုစွမ်းအင်ပြင်းထန်တဲ့ (Extra Strength) ဖော်မြူလာနဲ့ အဆင့်မြှင့်တင်ထားတဲ့ ဆံပင်ဖွာခြင်းကို ကာကွယ်ပေးသော Spray လေးရဲ့ 50ml ခရီးဆောင်အရွယ်အစား ဖြစ်ပါတယ်။ ဆံသားအတွင်းပိုင်းအထိ အစိုဓာတ်ကို ပြည့်ဝစွာ ဖြည့်ဆည်းပေးပြီး၊ ပူအိုက်စွတ်စိုတဲ့ ရာသီဥတုမှာတောင် ဆံပင်တွေ ပြန်မဖွာလာအောင် Water-proof (ရေစိုခံ) အလွှာလေးနဲ့ ဖုံးအုပ်ပေးပါတယ်။
Coverage (အရောင်ထွက်အား)
- Sheer (Haircare ဖြစ်လို့ အရောင်မထွက်ဘဲ ဆံသားကို ကြည်လင်တောက်ပတဲ့ အလွှာလေး ဖုံးအုပ်ပေးပါတယ်။)
Finish (အသားပေးမှု)
- Dewy (ဆံသားကို မှန်သားလို တောက်ပချောမွေ့သွားစေပြီး (Glass Hair) အိကျနေတဲ့ စိုစိုပြေပြေ Finish ကို ရရှိစေပါတယ်။)
Who it's for (ဘယ်သူတွေအတွက် သင့်တော်လဲ)
- အရမ်းခြောက်သွေ့၊ ပေါက်ပြဲ၊ ပျက်စီးပြီး ဖွာလန်နေတဲ့ ဆံသားပိုင်ရှင်တွေ၊ ဆံသားအလွန်ကြမ်းတမ်းသူတွေ။
- ရိုးရိုး Original Dream Coat သုံးတာတောင် ဆံပင်ဖွာတာကို မထိန်းနိုင်လောက်အောင် ဆံသားပွလွယ်သူတွေ။
- မြန်မာနိုင်ငံလို ပူအိုက်စွတ်စိုတဲ့ ရာသီဥတု (Hot & Humid Weather) မှာ ချွေးထွက်လို့ ဆံပင်ပုံစံပျက်တာကို ကာကွယ်ချင်သူတွေအတွက် အထူးသင့်တော်ပါတယ်။
How to use (ဘယ်လိုအသုံးပြုရမလဲ)
- ခေါင်းလျှော်ပြီးနောက် ဆံပင်ရေစိုနေချိန် (Damp hair) မှာ ဆံသားကို အပိုင်းလိုက်ခွဲပြီး (Section by section) Spray ကို ရွှဲနေအောင် လုံလုံလောက်လောက် ဖျန်းပေးပါ။
- ပြီးလျှင် ဘီး (သို့) Brush နဲ့ ဆံသားကို တင်းနေအောင်ဆွဲကာ (Tension ရအောင်) Hair Dryer ဖြင့် အပူပေးပြီး သေချာ ဖြောင့်ဆွဲ/အခြောက်ခံပါ။
Honest Notes (Glorious ရဲ့ အကြံပြုချက်)
- Strict Heat Activation: ဒီ Extra Strength Spray က ခေါင်းလျှော်ပြီး သဘာဝအတိုင်း အခြောက်ခံရုံနဲ့ လုံးဝ (လုံးဝ) အလုပ်မလုပ်ပါဘူး။ Blow-dryer နဲ့ အပူပေးပြီး ဘီးနဲ့ တင်းနေအောင် ဆွဲဖြောင့်မှသာ Water-proof အလွှာလေးအဖြစ် ပြောင်းလဲသွားမှာပါ။
- Do Not Mix Wet Products: ဒီ spray ဖျန်းပြီး ဆံပင်အခြောက်မခံရသေးခင် စိုနေတဲ့အချိန်မှာ တခြား Serum တွေ၊ Leave-in Conditioner တွေ လုံးဝ ထပ်မသုံးဖို့ အရေးကြီးပါတယ်။ ပါဝင်တဲ့ နည်းပညာကို အနှောင့်အယှက်ဖြစ်စေလို့ပါ။
- Generous Application & Longevity: နှမြောပြီး နည်းနည်းချင်း ဖျန်းရင် ထိရောက်မှု မရှိပါဘူး။ ရွှဲနေအောင် ဖျန်းဖို့လိုပါတယ်။ သေချာလုပ်ပေးနိုင်ရင် ၃-၄ ခါ ခေါင်းလျှော်တဲ့အထိ အာနိသင်ခံပါတယ်။
- PAO -(12M)
Glorious Promise
Glorious Promise
Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်
Shipping
Shipping
♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

