Skip to product information
1 of 6

Maybelline

Fit Me Matte Foundation

Fit Me Matte Foundation

Regular price 89,000 MMK
Regular price 121,500 MMK Sale price 89,000 MMK
Sale Sold out
Makeup color/shade

Maybelline Fit Me Matte + Poreless ဟာ ကမ္ဘာတစ်ဝှမ်းမှာ လူကြိုက်အများဆုံး Drugstore foundation တစ်ခုဖြစ်ပြီး အသားအရေမညီညာခြင်းနဲ့ ချွေးပေါက်ကျယ်ခြင်းပြဿနာတွေကို ဖြေရှင်းပေးနိုင်ဖို့ ထုတ်လုပ်ထားပါတယ်။ ဈေးနှုန်းသင့်တင့်ပြီး Quality ကောင်းမွန်တာကြောင့် Beginner တွေကနေ Makeup Artist တွေအထိ လက်စွဲတော်ဖြစ်ပါတယ်။

Why Glorious Loves It (အဓိက အားသာချက်များ):

  • Natural Matte Finish: လိမ်းလိုက်ရင် မျက်နှာကို အရမ်းခြောက်ကပ်သွားတာမျိုးမဟုတ်ဘဲ သဘာဝဆန်ဆန် Matte ဖြစ်စေပါတယ်။
  • Pore Blurring: Micro-powders တွေပါဝင်လို့ မိမိရဲ့ ကျယ်နေတဲ့ ချွေးပေါက်များကို ဝါးသွားစေပြီး အသားအရေကိုညက်ညက်လေး ဖြစ်စေပါတယ်။
  • Oil Control: အဆီပြန်ခြင်းကို ထိန်းချုပ်ပေးတာကြောင့် Hot & Humid ဖြစ်တဲ့ မြန်မာနိုင်ငံ ရာသီဥတုနဲ့ အထူးသင့်တော်ပါတယ်။

Coverage & Finish:

  • Coverage: Medium (ထပ်လိုအပ်ရင် Build လုပ်လို့ရပါတယ်)
  • Finish: Natural Matte

ဘယ်သူတွေ သုံးသင့်လဲ:

  • Normal to Oily Skin (သာမန်မှ အဆီပြန် အသားအရေ) ရှိသူများ။
  • Combination Skin သမားများ။
  • နေ့စဉ် ကျောင်းသွား၊ ရုံးသွားအတွက် ပေါ့ပေါ့ပါးပါး Foundation ရှာနေသူများ။

Glorious Honest Notes (သတိပြုရန်):

  • ဒါက Matte formula ဖြစ်တဲ့အတွက် Dry Skin (အသားခြောက်သူများ) ဆိုရင် အသားပက်တာ၊ အကွက်လိုက်ဖြစ်တာမျိုး ဖြစ်နိုင်ပါတယ်။ Dry Skin ဆိုရင် Dewy + Smooth version ကို ရွေးချယ်သင့်ပါတယ်။
  • Shades တွေက အသားပေါ်ရောက်ပြီး အချိန်နည်းနည်းကြာရင် အနည်းငယ် အရောင်ရင့်သွားတတ် (Oxidize ဖြစ်တတ်) လို့ ကိုယ့်အသားအရောင်ညှိတဲ့အခါ သေချာစမ်းသပ်ပြီးမှ ယူစေချင်ပါတယ်။
  • Full coverage foundation မဟုတ်တဲ့အတွက် ဝက်ခြံအမာရွတ် အကြီးကြီးတွေကိုတော့ Concealer တွဲသုံးမှ လုံးဝဖုံးပါလိမ့်မယ်။

အသုံးပြုပုံ:
လက် (သို့) Sponge (သို့) Brush ဖြင့် မျက်နှာပေါ်တွင် ညီညာစွာ လိမ်းပေးပါ။ Foundation မလိမ်းခင် Moisturizer နှင့် Primer သေချာလိမ်းထားပါက ပိုမိုလှပသော Result ကို ရရှိစေပါတယ်။

 

PAO-(12M)

Glorious Promise

Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်

Shipping

♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

View full details