Skip to product information
1 of 6

Benefit

Floratint

Floratint

Regular price 168,500 MMK
Regular price 203,000 MMK Sale price 168,500 MMK
Sale Sold out

ကမ္ဘာကျော် Benefit Cosmetics ရဲ့ နာမည်အကြီးဆုံး၊ အရောင်းရဆုံး Cult Favorite ပစ္စည်းလေး ဖြစ်ပါတယ်။ နှင်းဆီပွင့်ဖတ်လေးတွေလို သဘာဝကျကျ ရဲရဲလေးဖြစ်နေစေမယ့် Original Rose-tinted stain ဖြစ်ပါတယ်။

Product အကြောင်း အကျဉ်းချုပ်

  • What it is: ပါးနီအဖြစ်ရော နှုတ်ခမ်းနီအဖြစ်ပါ သုံးနိုင်တဲ့ Water-based stain ဖြစ်ပါတယ်။
  • Finish: Skin texture အတိုင်းလေးပဲ ၀င်သွားတဲ့အတွက် လုံးဝ Natural Finish ရပါတယ်။
  • Coverage: Sheer (ပါးပါးလေး) ကနေ လိုချင်သလောက် ထပ်ဖြည့်လိမ်းနိုင်တဲ့ Buildable type ပါ။
  • Texture: Cream သို့မဟုတ် Gel မဟုတ်ဘဲ ရေကဲ့သို့ကျဲသော (Watery) texture ဖြစ်ပါတယ်။

ဘယ်သူတွေအတွက် အသင့်တော်ဆုံးလဲ?

  • "မိတ်ကပ်လိမ်းထားမှန်း မသိသာစေချင်တဲ့" No-makeup makeup look ကြိုက်သူများ။
  • ကျောင်းတက်၊ ရုံးသွား နေ့စဉ် ပေါ့ပေါ့ပါးပါး လိမ်းချင်သူများ။
  • Mask တပ်ရလို့ မိတ်ကပ်တွေ ပေကျံမှာ စိုးရိမ်သူများ (Transfer-proof ဖြစ်ပါတယ်)။
  • အဆီပြန်တတ်လို့ Cream blush တွေနဲ့ မတည့်သူများ။

အသုံးပြုပုံ အကြံပြုချက်

  1. ပါးနီအဖြစ်: ပါးပေါ်ကို အစက် ၃ စက်လောက်တို့ပြီး လက်ချောင်းလေးတွေနဲ့ အမြန် ပုတ်ပေးပါ။ (Stain ဖြစ်တဲ့အတွက် ခြောက်လွယ်ပါတယ်၊ မြန်မြန် blend ဖို့ လိုပါတယ်)။
  2. နှုတ်ခမ်းနီအဖြစ်: နှုတ်ခမ်းသားအလယ်ကနေ စတင်လိမ်းပြီး ဖြန့်ပေးပါ။ ပိုရဲချင်ရင် အလွှာထပ်တင်ပေးပါ။

Glorious Honest Notes (မဝယ်ခင် သတိပြုရန်)

  • Water-based ဖြစ်လို့ အရမ်းကျဲပါတယ်။ လိမ်းတဲ့အခါ မြန်မြန် blend မလုပ်ရင် အစက်အပြောက်ရာ ထင်ကျန်ခဲ့တတ်ပါတယ်။
  • နှုတ်ခမ်းသား အရမ်းခြောက်ပြီး အဖတ်လန်နေရင် အရောင်မညီမညာ ဖြစ်တတ်ပါတယ်။ Lip Balm အရင်ခံပြီးမှ (သို့) Scrub လုပ်ပြီးမှ သုံးရင် ပိုလှပါတယ်။
  • Full Coverage နှုတ်ခမ်းနီမျိုး မဟုတ်ပါဘူး။ နှုတ်ခမ်းသားအရောင်ကို သဘာဝအတိုင်း ရဲရဲလေး ဖြစ်သွားစေမယ့် ပုံစံမျိုးပါ။

PAO-(12M)

Glorious Promise

Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်

Shipping

♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

View full details