Charlotte Tilbury
GLOW TONER
GLOW TONER
Couldn't load pickup availability
Charlotte Tilbury ရဲ့ နာမည်ကြီး "Magic Skincare" line ထဲက နေ့စဉ်သုံးလို့ရတဲ့ Toner လေးဖြစ်ပါတယ်။ ဒီ Toner ရဲ့ ထူးခြားချက်ကတော့ တခြား Glow Toner တွေလို Acid (AHA/BHA) တွေမပါဝင်ဘဲ Acid-Free ဖော်စပ်ထားလို့ အသားအရေကို မလောင်စေဘဲ ညင်သာစွာနဲ့ Glow ဖြစ်စေတာပါရှင့်
ဘာတွေထူးခြားလဲ?
- Acid-Free Exfoliation: Acid တွေအစား Prickly Pear Cactus (ရှားစောင်းမျိုးနွယ်) နဲ့ Super Peptide RoyalEpigen P5 ကိုသုံးထားလို့ အရေပြားဆဲလ်အသစ်ဖြစ်ပေါ်မှုကို ညင်သာစွာ ကူညီပေးပါတယ်။
- Pore Refining: Niacinamide ပါဝင်တာကြောင့် မွေးညင်းပေါက်ကျယ်တာတွေကို သက်သာစေပြီး အဆီပြန်တာကို ထိန်းညှိပေးပါတယ်။
- Texture: ရေလိုကျဲတာမျိုးမဟုတ်ဘဲ ခပ်ပျစ်ပျစ် နို့ရည်ကြည် (Milky) ပုံစံရှိလို့ လိမ်းလိုက်ရင် အသားထဲစိမ့်ဝင်လွယ်ပြီး ရေဓာတ်ဖြည့်ပေးပါတယ်။
ဘယ်သူတွေသုံးသင့်လဲ?
- Acid ပါတဲ့ Toner တွေကို မခံနိုင်တဲ့ Sensitive Skin သမားများ။
- နေ့စဉ် မနက်/ည သုံးလို့ရမယ့် Gentle Exfoliator ရှာနေသူများ။
- အသားအရေမညီညာဘဲ မွေးညင်းပေါက်ကျယ်နေသူများ။
Glorious Honest Note:
ဒါဟာ Acid Toner မဟုတ်တဲ့အတွက် လိမ်းလိုက်ရင် ကျိန်းစပ်တာမျိုး (Tingle sensation) လုံးဝမဖြစ်ပါဘူး။ Acid မပါလို့ ရလဒ်က ချက်ချင်းကြီး သိသာတာမျိုးမဟုတ်ဘဲ ပုံမှန်သုံးစွဲပေးမှ တဖြည်းဖြည်းချင်း အသားအရေ ကြည်လင်လာမှာဖြစ်ပါတယ်။ ပြင်းပြင်းထန်ထန် peeling လုပ်ချင်သူတွေအတွက်တော့ သိပ်အဆင်မပြေနိုင်ပါဘူး။
အသုံးပြုနည်း:
မျက်နှာသစ်ပြီးချိန်တွင် ဂွမ်း (သို့) လက်သန့်သန့်ထဲထည့်ကာ မျက်နှာပေါ်သို့ ဖွဖွလေး ပုတ်လိမ်းပေးပါ။ မနက်ရော ညပါ သုံးနိုင်ပါတယ်။
PAO-(12M)
Glorious Promise
Glorious Promise
Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်
Shipping
Shipping
♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

