Charlotte Tilbury
GLOWGASM FACE PALETTE
GLOWGASM FACE PALETTE
Couldn't load pickup availability
အသားဖြူသူများနှင့် Fair to Medium Skin Tone ရှိသူများအတွက် အထူးထုတ်လုပ်ထားသော 4-in-1 Face Palette ဖြစ်ပါသည်။ မျက်နှာကို သဘာဝအတိုင်း ၀င်းပနေသော "Angel Glow" ပုံစံရရှိစေရန် ဖန်တီးထားခြင်းဖြစ်ပြီး Bronzer, Blush နှင့် Highlighter (၂) ကွက် ပါဝင်ပါသည်။
Shade အကြောင်း (Lightgasm):
- Light It: ဖြူဝင်းသော Champagne အရောင် Highlighter ။
- Glow It: သဘာဝဆန်သော Soft Pink အရောင်
- Pop It: ပါးမို့မို့လေးဖြစ်စေသော Rosy Pink Blush ။
- Bronze It: မျက်နှာအချိုးအစားပေါ်စေသော နူးညံ့သည့် Neutral Brown Bronzer (Dark မဖြစ်ဘဲ သဘာဝကျသော အရောင်)။
ဘာတွေထူးခြားလဲ?
- Gel-Powder Formula: ပေါင်ဒါအမှုန့်ကဲ့သို့ မဟုတ်ဘဲ မျက်နှာပေါ်တွင် Cream ကဲ့သို့ ချောမွေ့စွာ ကပ်သွားသော နည်းပညာကို သုံးထားပါသည်။
- Soft Focus Finish: အလင်းရောင် အောက်တွင် မျက်နှာကို ကြမ်းတမ်းမှုမရှိဘဲ ချောမွေ့ဝင်းလက်စေပါသည်။
Glorious Honest Note:
"Lightgasm" သည် Pigment (အရောင်ထွက်) နူးညံ့သိမ်မွေ့ပါသည်။ ထို့ကြောင့် အသားလတ်သူ (Medium Skin) နှင့် အသားညိုသူ (Tan Skin) များအသုံးပြုပါက အရောင်ထွက် သိပ်မပေါ်လွင်ဘဲ ဖြစ်တတ်ပါသည်။ အသားဖြူသူများအတွက်သာ အသင့်တော်ဆုံးဖြစ်ပါသည်။ Palette တစ်ခုလုံးသည် Shimmer (အရောင်လဲ့လဲ့) ပါဝင်သဖြင့် Matte finish ကြိုက်သူများနှင့် မကိုက်ညီနိုင်ပါ။
PAO-(30M)
Glorious Promise
Glorious Promise
Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်
Shipping
Shipping
♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

