Skip to product information
1 of 4

HUDA BEAUTY

GloWish Luminous Pressed Powder

GloWish Luminous Pressed Powder

Regular price 152,500 MMK
Regular price 221,500 MMK Sale price 152,500 MMK
Sale Sold out
Color

Powder လိမ်းထားမှန်းသိသာတဲ့ အထူကြီးတွေ၊ မျက်နှာအသားခြောက်ပြီး အကွက်ဖြစ်တာတွေကို မကြိုက်တဲ့ သူလေးအတွက် အသင့်တော်ဆုံး Powder ပါ။ Huda Beauty ရဲ့ GloWish line က ထုတ်ထားတာဖြစ်လို့ "Makeup မလိမ်းထားသလို သဘာဝကျပြီး ကျန်းမာတဲ့ Glow Look" ကို ဦးစားပေးထားပါတယ်။

ဘာကြောင့် ဒါကို ရွေးချယ်သင့်တာလဲ?

  • Natural Glow: Matte အခြောက်ကြီးမဟုတ်ဘဲ အသားအရေကို သဘာဝအတိုင်း ညက်ညက်လေးနဲ့ လင်းလက်နေစေမယ့် Luminous Finish ကို ရရှိစေပါတယ်။
  • Skin-Loving Ingredients: Antioxidants ၊ Damascus Rose Oil နဲ့ Vitamin E တို့ ပါဝင်လို့ အသားအရေကို အစိုဓာတ်ထိန်းပေးပြီး ညစ်နွမ်းခြင်းမရှိအောင် ကာကွယ်ပေးပါတယ်။
  • Blurring Effect: အသားပေါ်က ချွေးပေါက်ကျယ်တာတွေနဲ့ အရေးအကြောင်းတွေကို ဝါးပေးပြီး Smooth ဖြစ်တဲ့ အသွင်အပြင်ကို ပေးစွမ်းပါတယ်။
  • Talc-Free: Talc (ပေါင်ဒါမှုန့်) မပါဝင်ဘဲ 90% သဘာဝပစ္စည်းတွေနဲ့ ထုတ်လုပ်ထားလို့ Sensitive ဖြစ်တဲ့အသားအရေတွေလည်း စိတ်ချလက်ချ သုံးနိုင်ပါတယ်။

Coverage & Texture

  • Coverage: Sheer to Medium Buildable (ပါးပါးကြည်ကြည်မှ အနေတော်ဖုံးအုပ်နိုင်သည်ထိ ထပ်ဖြည့်လိမ်းနိုင်သည်)
  • Texture: ပိုးသားလို နူးညံ့ပြီး ပေါ့ပါးပါတယ်။

ဘယ်သူတွေနဲ့ အလိုက်ဖက်ဆုံးလဲ?
Dry Skin (အသားခြောက်သူ)၊ Normal Skin နဲ့ သဘာဝကျကျ Makeup Look ကို နှစ်သက်သူတွေအတွက် အထူးသင့်တော်ပါတယ်။

အသုံးပြုနည်း အကြံပြုချက်

  • For Light Coverage: Fluffy ဖြစ်တဲ့ Brush အကြီးနဲ့ ယူပြီး မျက်နှာတစ်ခုလုံးကို ပါးပါးလေး ပွတ်လိမ်းပေးပါ။
  • For Medium Coverage: Sponge (သို့) Brush အသိပ်နဲ့လိုချင်တဲ့နေရာကို ဖိပြီး လိမ်းပေးပါ။ No-makeup makeup look အတွက် Foundation မပါဘဲ ဒီ Powder တစ်ခုတည်း လိမ်းရင်လည်း အဆင်ပြေပါတယ်။

Glorious Honest Note:
ဒါသည် Full Coverage Foundation powder မဟုတ်ပါဘူးနော်။ အမဲစက်အကြီးကြီးတွေကို လုံးဝဖုံးချင်ရင် Concealer လေး အောက်ကခံပြီးမှ ဒီ Powder ကို သုံးပေးပါ။ အဆီအရမ်းပြန်တဲ့ အသားအရေပိုင်ရှင်တွေဆိုရင် T-Zone နေရာမှာ Matte ဖြစ်တဲ့ Powder တစ်ခုခု တွဲသုံးဖို့ လိုအပ်နိုင်ပါတယ်။

Glorious Promise

Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်

Shipping

♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

View full details