Skip to product information
1 of 9

CAROLINA HERRERA

Good Girl Blush EDP

Good Girl Blush EDP

Regular price 725,000 MMK
Regular price Sale price 725,000 MMK
Sale Sold out
Size

Carolina Herrera ရဲ့ Iconic ဖြစ်တဲ့ ဒေါက်ဖိနပ်ပုံစံ ရေမွှေးပုလင်းလေးကိုမှ ပန်းရောင် pastel အရောင်လေးနဲ့ ဒီဇိုင်းထုတ်ထားတဲ့ Good Girl Blush ဟာ မူလ Good Girl (အပြာရောင်) ထက် ပိုပြီး နူးညံ့ပျော့ပျောင်းတဲ့ (Softer & More Powdery) ရနံ့မျိုးဖြစ်ပါတယ်။

မူလ Good Girl ရေမွှေးက ညနေခင်းပွဲတက်တွေအတွက် အလွန်ဆွဲဆောင်မှုရှိပြီး စူးရှတယ်ဆိုရင်၊ ဒီ Good Girl Blush လေးကတော့ နေ့ဘက်တွေမှာပါ အသုံးပြုလို့ကောင်းပြီး Vanilla နဲ့ Peony ပန်းရနံ့သင်းသင်းလေးကို အခြေခံထားပါတယ်။ Femininne ဆန်ပြီး Romantic ဖြစ်တဲ့ ခံစားချက်ကို ပေးစွမ်းနိုင်ပါတယ်။

ပါဝင်သော ရနံ့များ (Key Notes):

  • Top: Bergamot နှင့် Bitter Almond (လန်းဆန်းစေပြီး စိတ်ကို ကြည်လင်စေပါတယ်)
  • Heart: Ylang-Ylang နှင့် Peony (နူးညံ့တဲ့ ပန်းရနံ့အနှစ်)
  • Base: Vanilla နှင့် Tonka Bean (ချိုမြိန်ပြီး နွေးထွေးတဲ့ အနံ့ကျန်ခဲ့စေပါတယ်)

ဘယ်သူတွေအတွက် အသင့်တော်ဆုံးလဲ

  • Sweet & Floral ရနံ့ကို ကြိုက်နှစ်သက်သူများ။
  • မူလ Good Girl အနံ့ကို ကြိုက်ပေမယ့် နေ့ဘက်ဆွတ်ဖို့ လေးလွန်းတယ်လို့ ခံစားရသူများ။
  • Powdery ဖြစ်တဲ့ (ပေါင်ဒါမှုန့် ကလေးလို သင်းပျံ့တဲ့) ရနံ့ကို နှစ်သက်သူများ။

အသုံးပြုပုံ
ရေမွှေးဆွတ်တဲ့အခါ ပုလင်းကို လှုပ်ခါခြင်းမပြုဘဲ လည်ပင်း၊ လက်ကောက်ဝတ် အစရှိတဲ့ Pulse Points တွေကို ဦးတည်ပြီး ဖြန်းပေးပါ။ ပွတ်သပ်ခြင်းမပြုလုပ်ပါနှင့် (ပွတ်သပ်လိုက်ရင် ရနံ့မော်လီကျူးတွေ ပျက်စီးပြီး အနံ့ပြောင်းသွားနိုင်ပါတယ်)။

Honest Note from Glorious:
ဒီရေမွှေးက "Good Girl" လို့ နာမည်တပ်ထားပေမယ့် မူလ အပြာရောင်ပုလင်းနဲ့ ရနံ့ လုံးဝကွဲပြားပါတယ်။ Original က Coffee နဲ့ Cacao ပါလို့ နက်ရှိုင်းပြီး လေးပင်ပါတယ်။ ဒီ Blush ကတော့ Vanilla နဲ့ ပန်းရနံ့ဘက်ကို သွားတာမို့ ပိုပြီး "Girly" ဖြစ်ပါတယ်။ အရမ်းစူးရှတဲ့ ရေမွှေးကို မကြိုက်တဲ့သူတွေအတွက် ပိုအဆင်ပြေနိုင်ပါတယ်။

Glorious Promise

Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်

Shipping

♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

View full details