Skip to product information
1 of 3

First Aid Beauty

Head-To-Toe Smooth Set

Head-To-Toe Smooth Set

Regular price 102,000 MMK
Regular price 192,000 MMK Sale price 102,000 MMK
Sale Sold out

မျက်နှာရော ခန္ဓာကိုယ်ပါ အသားပတ်တာ၊ ကြမ်းတာ နဲ့ အထူးသဖြင့် ကြက်မွေးညင်း (KP/Strawberry Skin) ဖြစ်တတ်သူများအတွက် အထူးထုတ်လုပ်ထားတဲ့ "Smooth Skin" set လေးဖြစ်ပါတယ်။ Sensitive Skin သမားများ စိတ်ချရဆုံး FAB ရဲ့ နာမည်ကြီး item (၄) မျိုးကို စမ်းသပ်သုံးစွဲလို့ရအောင် Travel Size  လေးတွေနဲ့ စုစည်းပေးထားပါတယ်။

Set တွင်ပါဝင်သော ပစ္စည်း (၄) မျိုး (အားလုံး 28.3g):

  • Pure Skin Face Cleanser: မျက်နှာသစ်ဆေးဖြစ်ပါတယ်။ မိတ်ကပ်နဲ့ အညစ်အကြေးတွေကို ပြောင်စင်စေပေမယ့် မျက်နှာကို ခြောက်တွေ့တင်းကျပ်သွားခြင်း မရှိပါဘူး။ pH balance မျှတပြီး အနံ့မပါလို့ sensitive ဖြစ်လွယ်သူတွေအတွက် အဆင်အပြေဆုံးပါ။
  • KP Bump Eraser Body Scrub (10% AHA): လက်မောင်း၊ ခြေထောက် နဲ့ တင်ပါးတွေမှာဖြစ်တဲ့ ကြက်မွေးညင်း (KP) အဖုအထစ်တွေအတွက် scrub ပါ။ Chemical (AHA) ရော Physical (Pumice) နဲ့ပါ ပေါင်းစပ်ဖယ်ရှားပေးလို့ အသားကို ချောမွေ့သွားစေပါတယ်။
  • KP Smoothing Body Lotion (10% AHA): ဒါက သာမန် Lotion မဟုတ်ပါဘူး။ Scrub တိုက်ပြီးချိန်မှာ ဆဲလ်သေတွေကို ထပ်မံဖယ်ရှားပေးပြီး အသားပြန်ချောဖို့ ကုသပေးတဲ့ "Treatment Lotion" ဖြစ်ပါတယ်။
  • Ultra Repair Cream (Intense Hydration): FAB ရဲ့ နာမည်အကြီးဆုံး Moisturizer ပါ။ မျက်နှာရော ခန္ဓာကိုယ်ပါ လိမ်းလို့ရပါတယ်။ နှင်းခူ (Eczema) ဖြစ်တတ်သူတွေ၊ အသားပတ်ပြီး ယားယံတတ်သူတွေအတွက် soothing အဖြစ်ဆုံးပါပဲ။

ဘယ်သူတွေ သုံးသင့်လဲ?

  • လက်မောင်းနဲ့ ခြေထောက်တွေမှာ KP (ကြက်မွေးညင်း) ထွက်ပြီး စိတ်ညစ်နေသူများ။
  • အသားအရေ အရမ်းခြောက်ပြီး sensitive ဖြစ်သူများ။
  • ခရီးသွားရင် တစ် set တည်းနဲ့ မျက်နှာရော ကိုယ်ပါ အစုံပါချင်သူများ။ 

Glorious Advice - အသုံးပြုပုံ အကြံပြုချက်:

  1. Face: မျက်နှာကို Pure Skin Cleanser နဲ့သစ်ပြီး Ultra Repair Cream ကို လိမ်းပါ။
  2. Body (KP ရှိသောနေရာ): ရေချိုးချိန် KP Scrub နဲ့ ပွတ်တိုက်ပါ။ ရေခြောက်ရင် KP Smoothing Lotion ကို လိမ်းပါ။
  3. Body (သာမန်ခြောက်သွေ့သောနေရာ): Ultra Repair Cream ကို လိမ်းပါ။

Honest Note:
Set ၏ ပမာဏသည် 28.3g (1 oz) စီသာပါဝင်သော Mini/Travel Size မျှသာ ဖြစ်ပါသည်။ "KP" ဟု စာပါသော Scrub နှင့် Lotion နှစ်ခုလုံးတွင် Acid ပါဝင်မှုများသောကြောင့် မျက်နှာပေါ် လုံးဝ (လုံးဝ) မတင်ရပါ။

Glorious Promise

Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်

Shipping

♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

View full details