Clinique
High Impact™ Mascara
High Impact™ Mascara
Couldn't load pickup availability
Clinique ရဲ့ High Impact Mascara ဟာ Beautyလောကမှာ နှစ်ပေါင်းများစွာကျော်ကြားခဲ့တဲ့ Classic ဖြစ်ပါတယ်။ သူသည် "False Lashes" လို အလွန်ထူထဲမဲနက်သွားစေမယ့်ပုံစံမျိုးမဟုတ်ဘဲ၊ ကိုယ့်မျက်တောင်အစစ်ကိုပဲ ပိုထင်ရှားပြီး သပ်ရပ်လှပနေစေမယ့် "Natural Definition" ပုံစံမျိုးပေးပါတယ်။
Glorious Point of View:
နေ့စဉ် ရုံးသွား၊ ကျောင်းသွား ဖုတ်လှော်ကော်လို မပြင်ချင်ဘဲ သပ်သပ်ရပ်ရပ်လေး လှချင်သူတွေအတွက် အသင့်တော်ဆုံးပါ။ အထူးသဖြင့် မျက်ကပ်မှန် (Contact Lens) တပ်သူများနဲ့ မျက်လုံးအရမ်းထိခိုက်လွယ်သူများ (Sensitive Eyes) အတွက် ဒီထက်စိတ်ချရတဲ့ Mascara ရှာရခက်ပါတယ်။
ဘာတွေထူးခြားလဲ?
- Effect: တစ်ချက်ပွတ်လိုက်တာနဲ့ Volume (အထူ) နှင့် Length (အရှည်) ကို မျှတစွာရရှိစေပါတယ်။
- Formula: ဆရာဝန်စမ်းသပ်ချက်များအရ မျက်လုံးအတွက် အလွန်နူးညံ့ကြောင်း (Ophthalmologist Tested) ထောက်ခံချက်ရထားပါတယ်။
- Brush: ပုံမှန် Bristle Brush ဖြစ်ပြီး အသုံးပြုရလွယ်ကူသလို မျက်တောင်တစ်ချောင်းချင်းစီကို သေချာဖြီးပေးနိုင်ပါတယ်။
ဘယ်သူတွေသုံးသင့်လဲ?
- "No-makeup" makeup look (သဘာဝကျကျလှတာ) ကို ကြိုက်သူများ။
- မျက်လုံး အလွန်ထိခိုက်လွယ်သူများ၊ မျက်ကပ်မှန်တပ်သူများ။
- မက်စကာရာဖျက်ရခက်မှာ ကြောက်သူများ (ဒါက ရေနွေးလေးနဲ့ ဆေးချရုံနဲ့ ပြောင်ပါတယ်)။
Honest Note (သတိပြုရန်):
ဒါက Waterproof (ရေစိုခံ) မဟုတ်ပါဘူး။ ချွေးအရမ်းထွက်တတ်သူများ၊ မျက်ခွံအရမ်းအဆီပြန်သူများ (Oily Lids) ဆိုရင် နေ့လည်ဘက်မှာ အနည်းငယ် ပျံ့တတ်ပါတယ်။ အရမ်း Drama ဆန်တဲ့ မျက်တောင်ထူကြီးတွေကို လိုချင်ရင် ဒီကောင်လေးက သိပ်နုလွန်းပါလိမ့်မယ်။
PAO-(6M)
Glorious Promise
Glorious Promise
Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်
Shipping
Shipping
♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

