Charlotte Tilbury
Hollywood Instant Look In a Palette
Hollywood Instant Look In a Palette
Couldn't load pickup availability
မျက်နှာတစ်ခုလုံးစာအတွက် လိုအပ်တဲ့ Makeup Steps တွေကို Palette တစ်ခုတည်းမှာ စုစည်းပေးထားတဲ့ "5-Minute Face on the Go" Palette လေးဖြစ်ပါတယ်။ Bronzed Tone ဘက်သွားတဲ့ အရောင်လေးမို့ ကျန်းမာပြီး ဆွဲဆောင်မှုရှိတဲ့ Sunkissed Glow အသားအရေကို ပိုင်ဆိုင်ချင်သူတွေအတွက် အထူးသင့်တော်ပါတယ်။
ပါဝင်ပစ္စည်းများ:
- Eyes (မျက်လုံး): မျက်ဝန်းကို လင်းလက်သွားစေမယ့် Eye Brighten ၊ အနက်ထင်စေမယ့် Eye Enhance နဲ့ ညှို့ဓာတ်ပြင်းတဲ့ Eye Smoke ဆိုပြီး အရောင် (၃) မျိုး ပါဝင်ပါတယ်။
- Face (မျက်နှာ): နာမည်ကြီး Filmstar Bronze & Glow ထဲက Bronzer နဲ့ Highlight ပါဝင်တာမို့ မျက်နှာသွယ်ပြီး မေးရိုးပေါ်စေပါတယ်။
- Cheeks (ပါးနီ): Rose Gold အရောင်သန်းတဲ့ ပါးနီလေးက အသားအရောင်ကို ပိုပြီး 'Pop' ဖြစ်စေပါတယ်။
- Finish (ပေါင်ဒါ): နာမည်ကျော် Airbrush Flawless Finish Powder ပါဝင်လို့ အရေးအကြောင်းတွေကို ဖုံးလွှမ်းပေးပြီး မိတ်ကပ်သားညက်သွားစေပါတယ်။
အသုံးပြုပုံ:
မှုန့်သားတွေအပေါ်မှာ (၁)၊ (၂)၊ (၃) ဆိုပြီး နံပါတ်စဉ်လေးတွေ ရေးပေးထားတာမို့ မိတ်ကပ်စလိမ်းမယ့်သူတွေ (Beginners) အတွက်ပါ အလွန်လွယ်ကူပါတယ်။ ၅ မိနစ်အတွင်း အမြန်ပြင်ဆင်ချင်သူတွေ၊ ခရီးသွားတဲ့အခါ ပစ္စည်းအများကြီး မသယ်ချင်သူတွေအတွက် အဆင်ပြေဆုံးပါပဲ။
Glorious Honest Note:
ဒါသည် Powder-based Palette ဖြစ်ပါတယ်။ Cream product တွေလောက်တော့ အသားထဲစိမ့်ဝင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ပေါ့ပါးပြီး သဘာဝကျတာကို ကြိုက်သူတွေ သိပ်ကြိုက်ကြပါတယ်။
သတိပြုရန်: ဒီ "Glowing Beauty" အရောင်သည် Medium to Tan Skin Tones (အသားလတ်သူနှင့် အသားညိုသူများ) အတွက် အထူးထုတ်လုပ်ထားတာပါ။ အသားအရမ်းဖြူသူတွေဆိုရင် အရောင်နုတဲ့ "Pretty Blushed Beauty" က ပိုလိုက်ဖက်ပါလိမ့်မယ်။
PAO -(18M)
Glorious Promise
Glorious Promise
Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်
Shipping
Shipping
♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

