Hourglass
Veil™ Translucent Setting Powder Translucent
Veil™ Translucent Setting Powder Translucent
Couldn't load pickup availability
မိတ်ကပ်လောကတွင် "Magic Dust" (မျက်လှည့်မှုန့်) ဟု တင်စားခေါ်ဝေါ်ကြသော၊ ဆုတံဆိပ်များစွာရရှိထားသည့် Loose Powder ဖြစ်ပါတယ်။ ပုံမှန်ပေါင်ဒါတွေလို အသားကို ခြောက်ကပ်သွားစေခြင်းမရှိဘဲ၊ စိန်မှုန့်အနုစားလေးများ (Diamond Powder) ပါဝင်သောကြောင့် အလင်းပြန်အားကောင်းပြီး မျက်နှာကို ဝင်းလက်လန်းဆန်းစေပါတယ်။
ဘာတွေထူးခြားလဲ?
- Light-Refracting Particles: စိန်မှုန့်များပါဝင်သည့်အတွက် အလင်းရောင်ကို ကောင်းစွာကစားနိုင်ပြီး၊ မျက်နှာပေါ်ရှိ ချွေးပေါက်များနှင့် အရေးအကြောင်းများကို ဝါးသွားစေကာ (Soft-focus finish) ကို ရရှိစေသည်။
- No Flashback: ဓာတ်ပုံရိုက်လျှင် Flash ပြန်ပြီး မျက်နှာကြီး ဖြူဖွေးသွားခြင်း လုံးဝမဖြစ်ပါ။
- Innovative Sifter: ရွှေရောင် 'H' ပုံစံ အပေါက်လေးပါဝင်လို့ ပေါင်ဒါမှုန့်တွေ အများကြီးဖိတ်ကျမလာဘဲ လိုသလောက်ပဲ ထွက်လာအောင် ထိန်းပေးပါတယ်။
- 100% Talc-Free: Talc (ကျောက်မှုန့်) မပါဝင်လို့ အသားအရေအတွက် အထူးစိတ်ချရပါတယ်။
ဘယ်သူတွေအတွက်လဲ?
- မိတ်ကပ်လိမ်းပြီးတိုင်း မျက်နှာကြီး ခြောက်ပြီး အကွက်လိုက်ဖြစ်မှာ ကြောက်သူများ။
- လုံးဝ သဘာဝကျပြီး Glow ဖြစ်တဲ့ Finish ကို လိုချင်သူများ။
- ဓာတ်ပုံရိုက်ကူးရန် (Wedding, Photoshoot) ရှိသူများ။
Glorious Honest Notes
ဒါက Coverage (အပြစ်အနာအဆာဖုံးလွှမ်းမှု) လုံးဝမရှိဘဲ၊ အရောင်မပါသော Translucent အမျိုးအစား ဖြစ်ပါတယ်။ ဒါကြောင့် အမဲစက်တွေကို ဖုံးဖို့မဟုတ်ဘဲ မိတ်ကပ်သား တာရှည်ခံအောင်နဲ့ အသားညက်သွားအောင် လုပ်ပေးတာသာ ဖြစ်ပါတယ်။ အဆီပြန်တာကို ထိန်းပေးပေမယ့်၊ အဆီအရမ်းပြန်တတ်သူ (Very Oily Skin) တွေအတွက်ဆိုရင်တော့ ဒီကောင်လေးက အရမ်းနူးညံ့လွန်းလို့ Matte ဖြစ်တဲ့ Loose Powder လောက်တော့ အဆီထိန်းနိုင်မှာ မဟုတ်ပါဘူး။
How to Use
Powder Brush ကိုသုံးပြီး ပေါင်ဒါမှုန့်အနည်းငယ်ကို ရယူပါ။ ပိုနေသော အမှုန့်များကို ခါထုတ်ပြီးမှ မျက်နှာပေါ်တွင် စက်ဝိုင်းပုံစံ လှည့်ပတ်ပြီး (Buffing motion) သုံးပေးပါ။
Glorious Promise
Glorious Promise
Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်
Shipping
Shipping
♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

