Lancôme
Juicy Tubes Lip Gloss
Juicy Tubes Lip Gloss
Couldn't load pickup availability
Y2K trend တွေပြန်ခေတ်စားလာချိန်မှာ မဖြစ်မနေရှိထားသင့်တဲ့ Legendary Lip Gloss လေးဖြစ်ပါတယ်။ Lancôme ရဲ့ Juicy Tubes တွေက 2000 ပြည့်နှစ်အစောပိုင်းကာလတွေကတည်းက "Glass-like shine" (မှန်သားပြင်လို တောက်ပြောင်တဲ့ finish) ကြောင့် နာမည်အရမ်းကြီးခဲ့တဲ့ item လေးပါ။
Why we love it:
- Ultra-High Shine: နှုတ်ခမ်းသားကို ရေစိုနေသလို တောက်ပြောင်စေပြီး ချက်ချင်း plump ဖြစ်သွားသလို ခံစားရစေပါတယ်။
- Hydration: Vitamin E ပါဝင်လို့ နှုတ်ခမ်းသား ခြောက်သွေ့ခြင်းမရှိအောင် အစိုဓာတ်ဖြည့်ပေးပါတယ်။ (၄) နာရီလောက်အထိ အစိုဓာတ်ထိန်းပေးနိုင်ပါတယ်။
- Spring Fling Shade: ဒါက "Creamy Light Pink" အရောင်လေးပါ။ နို့ရောင်ဖက်သွားတဲ့ ပန်းရောင်နုနုလေးဖြစ်ပြီး၊ နှုတ်ခမ်းပေါ်တင်လိုက်ရင် သဘာဝဆန်ဆန် ချစ်ဖို့ကောင်းတဲ့ အရောင်လေး ထွက်ပါတယ်။
Honest Note (Glorious Insight):
ဒီ gloss က ခေတ်ဟောင်း original formula အတိုင်းထုတ်ထားတာဖြစ်လို့ Texture က ပျစ်ပြီး စေးကပ်မှု (Sticky) ရှိပါတယ်။ ခေတ်သစ် Lip Oil တွေလို ပေါ့ပါးတဲ့ feel မျိုးမဟုတ်ပါဘူး။ ဒါပေမဲ့ ဒီလိုစေးပျစ်တာကြောင့်ပဲ နှုတ်ခမ်းပေါ်မှာ အရောင်နဲ့ အတောက်က အကြာကြီးခံတာဖြစ်ပါတယ်။ ဆံပင်ဖွာလန်ကျဲနေရင် နှုတ်ခမ်းနဲ့ကပ်ငြိနိုင်လို့ သတိပြုရပါမယ်ရှင်။
How to use:
နှုတ်ခမ်းနီ သီးသန့်မဆိုးဘဲ ဒါလေးချည်းပဲ သုံးနိုင်သလို၊ Matte Lipstick တွေအပေါ်ကနေထပ်ပြီး Glossy effect လိုချင်ရင်လည်း သုံးနိုင်ပါတယ်။
Glorious Promise
Glorious Promise
Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်
Shipping
Shipping
♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

