Lancôme
Lancôme Crème Mousse Confort Foaming Cleanser
Lancôme Crème Mousse Confort Foaming Cleanser
Couldn't load pickup availability
Lancôme Crème Mousse Confort Foaming Cleanser
ဒီ Cleanser လေးကတော့ မျက်နှာသစ်ပြီးတိုင်း အသားအရေ တင်းမာခြောက်သွေ့သွားတာမျိုး မဖြစ်စေဘဲ နူးညံ့စိုပြည်တဲ့ ခံစားမှုကို ပေးစွမ်းနိုင်တဲ့ Cream-to-foam မျက်နှာသစ်ဆေးလေး ဖြစ်ပါတယ်။ Rosehip oil နဲ့ သဘာဝ နှင်းဆီပန်း အဆီအနှစ်တွေ ပါဝင်လို့ အသားအရေကို သက်တောင့်သက်သာဖြစ်စေပါတယ်။
-
ဘာအတွက်သုံးတာလဲ (What it is): မျက်နှာပေါ်က မိတ်ကပ်အကြွင်းအကျန်တွေနဲ့ အညစ်အကြေးတွေကို ညင်သာစွာ ဖယ်ရှားပေးပြီး ရေဓာတ်ပြန်လည်ဖြည့်တင်းပေးတဲ့ Creamy မျက်နှာသစ်ဆေး ဖြစ်ပါတယ်။
-
ဘယ်လိုအသားအရေအတွက်လဲ (Who it's for): Dry, Normal နဲ့ Sensitive အသားအရေပိုင်ရှင်တွေအတွက် အထူးသင့်တော်ပါတယ်။ (အသားအရေ အလွန်ခြောက်သွေ့သူများအတွက် အကောင်းဆုံးဖြစ်ပါတယ်)။
-
ဘယ်လိုအသုံးပြုရမလဲ (How to use): မျက်နှာကို ရေစွတ်ပြီး Cleanser အနည်းငယ်ကို ယူကာ အမြှုပ်ထွက်လာသည်အထိ ပွတ်ပေးပါ။ ထို့နောက် မျက်နှာပြင်ပေါ်တွင် ညင်သာစွာ နှိပ်နယ်ပြီး ရေနွေးနွေးလေးဖြင့် ပြန်လည်ဆေးကြောပေးပါ။
-
Glorious ရဲ့ ရိုးသားသော အကြံပြုချက် (Honest Notes): သူက အသားအရေကို အစိုဓာတ်ပေးတဲ့ formula ဖြစ်လို့ မျက်နှာသစ်ပြီးရင်တောင် အသားအရေက နူးညံ့နေမှာပါ။ ဒါပေမဲ့ သူ့မှာ သင်းပျံ့တဲ့ နှင်းဆီရနံ့လေး ပါဝင်တဲ့အတွက် Fragrance (အမွှေးနံ့သာ) နဲ့ အရမ်း Sensitive ဖြစ်တတ်သူတွေဆိုရင်တော့ ပါဝင်ပစ္စည်းကို သေချာစစ်ဆေးဖို့ အကြံပြုချင်ပါတယ်။
-
Glorious Promise: Gloriousမှာ ရောင်းချတဲ့ product တိုင်းဟာ သေချာစိစစ်ရွေးချယ်ထားတဲ့ 100% Authentic အစစ်အမှန်တွေသာ ဖြစ်ပါတယ်။
- PAO-12M
Glorious Promise
Glorious Promise
Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်
Shipping
Shipping
♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

