Victoria's Secret
Lavender & Vanilla Fragrance Mist
Lavender & Vanilla Fragrance Mist
Couldn't load pickup availability
စိတ်ကို ငြိမ်းချမ်းစေပြီး Relax ဖြစ်စေမယ့် Body Care Routine တစ်ခုကို ရှာဖွေနေပါသလား။ Victoria's Secret ရဲ့ Natural Beauty collection ဟာ သဘာဝကရတဲ့ Inspiration တွေနဲ့ ဖန်တီးထားတာဖြစ်ပြီး၊ ဒီ Lavender & Vanilla ကတော့ လူကြိုက်အများဆုံးနဲ့ ရောင်းအားအကောင်းဆုံး ရနံ့တစ်ခု ဖြစ်ပါတယ်။
ဘာကြောင့် Glorious က ရွေးချယ်တာလဲ
Floral & Warm Scent အမျိုးအစားဖြစ်ပါတယ်။ Lavender ရဲ့ စိတ်ကို တည်ငြိမ်စေတဲ့ ရနံ့နဲ့ Vanilla ရဲ့ နွေးထွေးချိုမြတဲ့ ရနံ့ကို မျှတစွာ ပေါင်းစပ်ထားပါတယ်။ ရေချိုးပြီးခါစ သန့်ရှင်းလတ်ဆတ်တဲ့ ခံစားမှုကို ပေးစွမ်းနိုင်ပါတယ်။
အသုံးပြုပုံ
- ရေချိုးပြီးစ ခန္ဓာကိုယ် ရေခြောက်ခါစအချိန်မှာ ဖြန်းပေးရင် အနံ့ပိုစွဲပါတယ်။
- ပိုပြီး အနံ့စွဲကျန်စေချင်ရင် သူ့ရဲ့ တွဲဖက် Body Lotion လေးနဲ့ တွဲသုံးဖို့ အကြံပေးပါတယ်။
- မနက်ခင်း အပြင်သွားခါနီး (သို့) ညဘက် အိပ်ရာဝင်ခါနီး စိတ်ငြိမ်ချင်တဲ့အခါမျိုးမှာ သုံးလို့ အဆင်ပြေပါတယ်။
Honest Notes (သတိပြုရန်)
- ဒါက Perfume (ရေမွှေး) မဟုတ်ဘဲ Body Mist (Fragrance Mist) ဖြစ်တဲ့အတွက် အနံ့စွဲအားက (၁) နာရီ ဝန်းကျင်လောက်သာ ခံပါမယ်။
- တနေကုန် အနံ့မွှေးနေဖို့ဆိုရင်တော့ Body Lotion ခံလိမ်းတာဖြစ်ဖြစ်၊ မကြာခဏ ထပ်ဖြန်းပေးတာမျိုး (Re-apply) လုပ်ဖို့ လိုအပ်ပါတယ်။
Glorious Promise
Glorious Promise
Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်
Shipping
Shipping
♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

