Skip to product information
1 of 2

M.A.C

MAC Stack Mascara

MAC Stack Mascara

Regular price 35,000 MMK
Regular price Sale price 35,000 MMK
Sale Sold out

M·A·C ရဲ့ Social Media မှာ အရမ်းနာမည်ကြီးတဲ့ Viral Mascara ရဲ့ Mini Size လေးဖြစ်ပါတယ်။ ဒီ Mascara ရဲ့ ထူးခြားချက်က "Stackable" ဖြစ်တာပါ။ ဆိုလိုတာက မျက်တောင်ကော့ဆေးကို တစ်ခါဆိုးပြီးလို့ ခြောက်သွားရင်တောင် နောက်ထပ်အထပ်ထပ် ထပ်ဖြည့်ဆိုးနိုင်ပြီး မျက်တောင်တွေမှာ အဖတ်လိုက်ကြီးတွေ ကပ်မနေဘဲ သဘာဝကျကျ ထူထဲရှည်လျားစေပါတယ်။

ဘာကြောင့် Glorious က ရွေးချယ်တာလဲ

  • Customizable Volume: ပေါ့ပေါ့ပါးပါး Natural Look ကနေ မျက်တောင်တပ်ထားသလို Drama Look အထိ မိမိလိုချင်သလောက် အထပ်ထပ် "Stack" လုပ်ပြီး ဖြည့်ဆိုးနိုင်ပါတယ်။
  • Clump-Resistant Formula: Mascara အများစုက ခြောက်သွားရင် ထပ်ဆိုးလို့မရဘဲ ဂဏန်းလက်မလို ဖြစ်သွားတတ်ပေမယ့်၊ ဒီကောင်လေးကတော့ ထပ်ဆိုးလေ ပိုလှလေ ဖြစ်စေမယ့် Formula ပါ။
  • Weightless Feel: မျက်တောင်ထူလာပေမယ့် မျက်လုံးလေးလံခြင်းမရှိဘဲ ပေါ့ပါးနေစေပါတယ်။
  • Mini Size (2.1ml): ဒါက အိတ်ဆောင်အရွယ်အစားဖြစ်လို့ Full Size မဝယ်ခင် စမ်းသုံးကြည့်ချင်သူတွေနဲ့ ခရီးသွားတဲ့အခါ သယ်ဆောင်ရလွယ်ကူဖို့အတွက် အထူးသင့်တော်ပါတယ်။

အသုံးပြုပုံ
မျက်တောင်အရင်းမှ အဖျားအထိ Zig-zag ပုံစံဆွဲပြီး ကော့ပေးပါ။ ပိုပြီးထူထဲချင်ရင် မခြောက်ခင် (သို့) ခြောက်ပြီးသွားရင်လည်း စိတ်ကြိုက်ထပ်မံဖြည့်စွက်နိုင်ပါတယ်။

Glorious Honest Note
ဒါက Non-waterproof formula ဖြစ်လို့ မျက်ခွံအရမ်းအဆီပြန်တတ်သူတွေ (သို့) ပူပြင်းအိုက်စပ်ပြီး ချွေးအရမ်းထွက်တတ်တဲ့ နေ့မျိုးတွေမှာဆိုရင် မျက်လုံးအောက်မှာ နည်းနည်း Smudge ဖြစ်နိုင်ချေရှိပါတယ်။ ဒါပေမယ့် ပုံမှန် Indoor သုံးဖို့နဲ့ နေ့စဉ်သုံးဖို့အတွက်တော့ အဖျက်ရလွယ်ကူပြီး မျက်တောင်မကျွတ်စေတဲ့အတွက် အဆင်ပြေပါတယ်။

PAO -(6M)

 

Glorious Promise

Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်

Shipping

♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

View full details