M.A.C
Star Status set
Star Status set
Couldn't load pickup availability
နှုတ်ခမ်းနီ Finish မတူတဲ့ (၂) မျိုးကို တစ်ခါတည်း စမ်းသုံးကြည့်ချင်သူတွေနဲ့၊ လက်ဆောင်ပေးဖို့ ရှာနေတဲ့သူတွေအတွက် အရမ်းတန်တဲ့ Full Size (၂) ချောင်းပါ Set လေး ဖြစ်ပါတယ်။ MAC ရဲ့ နာမည်အကြီးဆုံး Formula (၂) မျိုးဖြစ်တဲ့ "Lustreglass" နဲ့ "Retro Matte" တို့ကို တွဲပေးထားပါတယ်။
ဒီ Set မှာ ဘာတွေပါလဲ?
-
1x Lustreglass Sheer-Shine Lipstick (Dewy/Sheer Finish):
ဒါက နှုတ်ခမ်းသားကို ရေဓာတ်ဖြည့်ပေးပြီး သဘာဝအတိုင်း စိုစိုအိအိလေး ဖြစ်စေတဲ့ Formula ပါ။ Raspberry Seed Oil နဲ့ သံလွင်ဆီတို့ ပါဝင်တာမို့ နှုတ်ခမ်းခြောက်တတ်သူတွေအတွက် နေ့စဉ်သုံးဖို့ အရမ်းကောင်းပါတယ်။ အရောင်ထွက်က Sheer ဖြစ်ပြီး Glass Skin Look တွေနဲ့ လိုက်ဖက်ပါတယ်။ -
1x Retro Matte Lipstick (Ultra Matte Finish):
ဒါကတော့ MAC ရဲ့ ဂန္တဝင်အဖြစ်ဆုံး Formula ပါ။ အရောင်ထွက် (Pigment) အရမ်းကောင်းပြီး လုံးဝ ပြောင်လက်ခြင်းမရှိတဲ့ "Flat Matte" အသွင်အပြင်ကို ရစေပါတယ်။ တာရှည်ခံပြိး ပွဲတက်ရမယ့်အချိန်မျိုးတွေ၊ ဓာတ်ပုံရိုက်မယ့်အချိန်တွေအတွက် အထူးသင့်တော်ပါတယ်။
ဘယ်သူတွေ သုံးသင့်လဲ?
Finish မတူတဲ့ (၂) မျိုးကို ပိုင်ဆိုင်ချင်သူတွေ၊ နေ့စဉ်သုံးဖို့ နူးညံ့တဲ့အသွင်အပြင်ရော၊ ပွဲတက်ဖို့ ထင်းနေတဲ့အသွင်အပြင်ကိုပါ လိုချင်သူတွေအတွက် အဆင်ပြေပါတယ်။
Glorious အကြံပြုချက် (Honest Note):
- For Lustreglass: သူက စိုပြီး ပေါ့ပါးတဲ့အတွက် အရမ်းကြီး Long-lasting မဖြစ်ပါဘူး။ ထမင်းစားရင် ပျက်နိုင်လို့ ပြန်ဖြည့်ပေးဖို့ လိုပါတယ်။
- For Retro Matte: သူက အရမ်းကို Matte ဖြစ်တဲ့အမျိုးအစားမို့ နှုတ်ခမ်းသား အရမ်းခြောက်တတ်ရင် သတိထားရပါမယ်။ မဆိုးခင်မှာ Scrub လုပ်ပြီး Lip Balm ကောင်းကောင်းလေး ခံပေးဖို့ လိုအပ်ပါတယ်။
Shade Warning: Set မျိုးစုံထွက်ရှိထားသဖြင့် ဘူးပေါ်တွင်ပါသော အရောင် (Shade Name) ကို သေချာစစ်ဆေးပြီးမှ ဝယ်ယူပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Glorious Promise
Glorious Promise
Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်
Shipping
Shipping
♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

