Skip to product information
1 of 4

Makeup Forever

MAKE UP FOR EVER  Super Boost Moisturizing & Plumping Lip Gloss -MINI

MAKE UP FOR EVER  Super Boost Moisturizing & Plumping Lip Gloss -MINI

Regular price 45,000 MMK
Regular price 90,000 MMK Sale price 45,000 MMK
Sale Sold out
#06 Wherever Walnut

MAKE UP FOR EVER Super Boost Lip Gloss

အကြောင်းအရာ (What It Is)

နှုတ်ခမ်းသားကို ရေဓာတ်ပြည့်ဝပြီး ဖူးဖူးအိအိလေး ဖြစ်စေမယ့် MAKE UP FOR EVER Super Boost Lip Gloss ဖြစ်ပါတယ်။ နှုတ်ခမ်းသားကို ပြောင်ပြောင်ပြည့်ပြည့်လေး ဖြစ်စေမယ့် Mirror-like Shine Finish ကို ပေးစွမ်းနိုင်ပြီး Hyaluronic Acid နဲ့ သဘာဝပန်းပွင့်ဆီများ (Camellia, Cotton, Meadowfoam Flower Seed Oils) ပါဝင်တာကြောင့် နှုတ်ခမ်းသား ခြောက်သွေ့ခြင်းကို တစ်နေ့တာလုံး ကာကွယ်ပေးပြီး ပျော့ပျောင်းစေပါတယ်။

Finish & Coverage

  • Finish: နှုတ်ခမ်းသားကို စိုစိုအိအိနဲ့ ပြောင်ပြောင်လေး ဖြစ်စေမယ့် Dewy Finish ဖြစ်ပါတယ်။

  • Coverage: ပါးပါးကြည်ကြည်ကနေ ထပ်ဆင့်ဆိုးလို့ရတဲ့ Buildable Coverage မို့ မိမိစိတ်ကြိုက် အရောင်အနုအရင့်ကို လိုသလို ညှိယူနိုင်ပါတယ်။

ဘယ်သူတွေအတွက်လဲ (Who It's For)

  • နှုတ်ခမ်းသား ခြောက်သွေ့ပြီး အမြဲတမ်း စိုစိုအိအိလေး ဖြစ်ချင်သူများ

  • Gloss ဆိုးရတာ ကြိုက်ပေမယ့် စေးကပ်ကပ် ဖြစ်ကျန်ခဲ့တာမျိုး မလိုချင်သူများ

  • Daily Wear အဖြစ် ပေါ့ပေါ့ပါးပါး ဆိုးချင်သူတွေရော၊ ပွဲလမ်းသဘင်တွေမှာ နှုတ်ခမ်းနီအပေါ်က ထပ်ပြီး Glow ချင်သူများအတွက်ပါ သင့်တော်ပါတယ်။

အသုံးပြုပုံ (How to Use)

  • နှုတ်ခမ်းပုံစံ ပိုပြီး ပေါ်လွင်ထင်ရှားချင်ရင် မိမိကြိုက်နှစ်သက်ရာ Artist Color Pencil Lip Liner နဲ့ အရင်ဘောင်ခတ်ပါ။

  • ထို့နောက် အောက်နှုတ်ခမ်းကို Lip Grip Applicator အပြားလေး သုံးပြီး သုတ်လိမ်းပေးပါ။

  • အထက်နှုတ်ခမ်းအတွက်ကိုတော့ Applicator ရဲ့ ထိပ်ချွန်လေးကို သုံးပြီး Cupid's bow (နှုတ်ခမ်းအပေါ်ကွေး) ကို သေချာပုံဖော်ပြီး ဘေးကို ဆွဲပေးပါ။

Honest Notes

  • ဒီ Gloss လေးမှာ Minty fresh ခံစားချက်ကို ပေးစွမ်းမယ့် Menthyl Lactate ပါဝင်တာကြောင့် ဆိုးခါစမှာ ပူရှိန်းရှိန်းနဲ့ Cooling & Plumping Effect ကို ခံစားရမှာပါ။ အေးမြတဲ့ ခံစားချက် သို့မဟုတ် Mint အနံ့ကို မကြိုက်နှစ်သက်သူများ သတိပြုသင့်ပါတယ်။

  • ရေဓာတ်ဖြည့်ပေးနိုင်စွမ်း မြင့်မားပေမယ့် Lip Gloss အမျိုးအစား ဖြစ်တာကြောင့် အစားအသောက် စားပြီးရင်တော့ အရောင်နဲ့ အရောင်တောက်မှု လျော့သွားနိုင်လို့ ထပ်ပြီး Touch-up လုပ်ပေးဖို့ လိုအပ်ပါမယ်။

Glorious Promise

Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်

Shipping

♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

View full details