Skip to product information
1 of 6

Stila

Mini HUGE™ Extreme Lash Mascara

Mini HUGE™ Extreme Lash Mascara

Regular price 48,000 MMK
Regular price Sale price 48,000 MMK
Sale Sold out
Size

မျက်တောင်တု တပ်ထားသလိုမျိုး ထူထူထဲထဲနဲ့ ကော့ညွှတ်နေတဲ့ မျက်တောင်မျိုး လိုချင်သူများအတွက် Stila ရဲ့ နာမည်ကြီး HUGE™ Mascara ပါ။ ဒါက Mini size ဖြစ်တဲ့အတွက် စမ်းသုံးကြည့်ချင်သူတွေနဲ့ ခရီးသွားတဲ့အခါ သယ်သွားချင်သူတွေအတွက် အဆင်ပြေပါတယ်။

အဓိက အားသာချက်များ

  • Volume & Curl: တစ်ချက်ပွတ်လိုက်တာနဲ့ မျက်တောင်လေးတွေကို သိသိသာသာ ထူထဲသွားစေပြီး ကော့ညွတ်သွားစေပါတယ်။
  • Deep Black: အရောင်က "Blackest Black" ဖြစ်လို့ မျက်လုံးကို ပိုပြီး ပေါ်လွင်စေပါတယ်။
  • Crimped Brush: Brush ခေါင်းက အကွေးပုံစံဖြစ်လို့ မျက်တောင်တိုလေးတွေကအစ မိပြီး Volume ရအောင် ကူညီပေးနိုင်ပါတယ်။

Glorious ၏ အကြံပြုချက် (Honest Note)
ဒီ Mascara က Formula နည်းနည်း "Wet" ဖြစ်ပါတယ် (အရည်နည်းနည်းရွှဲပါတယ်)။ ဒါကြောင့် လိမ်းပြီးပြီးချင်း ချက်ချင်း မျက်တောင်မခတ်မိအောင် သတိပြုပါ။ Waterproof (ရေစိုခံ) မဟုတ်တဲ့အတွက် မျက်ခွံအရမ်းအဆီပြန်တတ်သူတွေ၊ ချွေးအရမ်းထွက်တတ်သူတွေဆိုရင် နေ့လည်ဘက်မှာ မျက်လုံးအောက် နည်းနည်း ပျံ့နိုင်ပါတယ်နော်။ Natural look ထက် Drama look ကြိုက်သူတွေနဲ့ ပိုကိုက်ညီပါတယ်။

အသုံးပြုပုံ
မျက်တောင်အရင်းကနေ အဖျားဘက်ကို Wiggle လုပ်ပြီး (ဘယ်ညာရမ်းပြီး) ဆွဲတင်ပါ။ ပိုပြီးထူချင်ရင် မခြောက်ခင် ထပ်ကာထပ်ကာ လိမ်းပေးလို့ရပါတယ်။

Glorious Promise

Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်

Shipping

♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

View full details