Skip to product information
1 of 13

Real Techniques

Miracle Complexion Sponge

Miracle Complexion Sponge

Regular price 45,000 MMK
Regular price 66,500 MMK Sale price 45,000 MMK
Sale Sold out

Foundation လိမ်းတဲ့အခါ အစင်းရာတွေမထင်ဘဲ သဘာဝကျကျ ညီညာသွားစေဖို့ ကူညီပေးတဲ့ 3-in-1 Makeup Sponge ဖြစ်ပါတယ်။ ဈေးနှုန်းသင့်တင့်ပြီး အရည်အသွေးကောင်းမွန်တာကြောင့် ကမ္ဘာအနှံ့က Makeup Artist တွေနဲ့ User တွေကြားမှာ အရမ်းနာမည်ကြီးတဲ့ Sponge လေးပါ။

 

Famous 3-in-1 Shape:

 

Rounded Sides (အလုံးဘက်): မျက်နှာပြင်ကျယ်တဲ့ ပါးနဲ့ နဖူးလိုနေရာတွေကို Blend လုပ်ဖို့။

Precision Tip (ထိပ်ချွန်): ဝက်ခြံဖုံးတာ၊ မျက်လုံးအောက်နားလို နေရာကျဉ်းလေးတွေကို သေချာဖုံးဖို့။

Flat Edge (အပြားဘက်): မျက်လုံးအောက်နဲ့ နှာခေါင်းဘေးနားတွေကို Contour လုပ်တာ၊ Baking လုပ်တာတွေအတွက် သုံးနိုင်ပါတယ်။

How to Use (Wet vs Dry):

 

Damp (ရေစွတ်ပြီးသုံးလျှင်): ရေစွတ်ပြီး ပြန်ညှစ်လိုက်တဲ့အခါ Sponge က ပွလာပါမယ်။ ဒီလိုသုံးရင် Foundation က Dewy Finish (စိုစိုအိအိ) လေးရပြီး အသားနဲ့တစ်ထပ်တည်းဖြစ်သွားစေပါတယ်။

Dry (အခြောက်သုံးလျှင်): Coverage ပိုလိုချင်တဲ့အခါ၊ ဒါမှမဟုတ် Powder သုံးတဲ့အခါ အခြောက်အတိုင်း သုံးနိုင်ပါတယ်။

Honest Note from Glorious:

Sponge တွေကိုသုံးတဲ့အခါ လက်နဲ့လိမ်းတာ၊ Brush နဲ့လိမ်းတာထက် Foundation အရည်ကို ပိုစုပ်ယူမှုရှိနိုင် (Product wastage နည်းနည်းရှိနိုင်) ပါတယ်။ ဒါပေမဲ့ သူပေးတဲ့ Finish ကတော့ အတော်လေး သဘာဝကျလှပပါတယ်။ တစ်ခုသတိပြုရမှာက Bacteria မခိုအောင်းအောင် တစ်ပတ်တစ်ခါ ဆေးကြောပေးဖို့နဲ့ ၃ လ တစ်ခါလောက် အသစ်လဲပေးဖို့ လိုအပ်ပါတယ်။

Glorious Promise

Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်

Shipping

♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

View full details