Huda
Naughty Nude Eyeshadow Palette
Naughty Nude Eyeshadow Palette
Couldn't load pickup availability
Huda Beauty ရဲ့ နာမည်ကြီး "The New Nude" palette က Soft & Pinkish ဖြစ်တယ်ဆိုရင်၊ ဒီ "Naughty Nude" ကတော့ ပိုပြီး Dark ဖြစ်မယ်၊ Spicy ဖြစ်ပြီး Bold ဖြစ်တဲ့ ဘက်ကိုသွားပါတယ်။ Smoky eye look တွေ၊ ညဘက်ပွဲတက် look တွေအတွက် အရမ်းသင့်တော်တဲ့ Palette တစ်ခုပါ။
Texture နဲ့ Formula
စုစုပေါင်းအရောင် (၁၈) ရောင်ပါ၀င်ပြီး Texture (၅) မျိုးထိ ဆန်းသစ်ထားပါတယ်။
- Velvet Soft Mattes: Huda ရဲ့ နာမည်ကြီး Matte texture (၈) ကွက်။
- High-Shine Metallics: တောက်ပတဲ့ Metallic (၅) ကွက်။
- Multi-Reflective Marble Creams: Cream to Powder ပုံစံ Marble texture (၃) ကွက်။
- Pearl Gloss Hybrid: "Slippery" လို့ခေါ်တဲ့ အကွက်လေးက ထူးခြားပါတယ်။ သူက ကြည်လင်တဲ့ Gloss ထဲမှာ Bronze နဲ့ Berry pearl လေးတွေ ထည့်ပေးထားတာပါ။
ဘယ်သူတွေအတွက်လဲ?
- အညိုရောင်၊ Burgundy အနီရောင်ဘက်သွားတဲ့ Warm Tone မိတ်ကပ်လိမ်းရတာ ကြိုက်သူတွေ။
- Pigment (အရောင်ထွက်) ကောင်းကောင်းလိုချင်သူတွေ။
- Texture အဆန်းတွေ စမ်းသုံးချင်သူတွေအတွက် အဆင်ပြေပါတယ်။
Glorious ၏ အကြံပြုချက် (Honest Note)
ဒီ palette ထဲက "Slippery" ဆိုတဲ့ အရောင်ကွက်လေးက တကယ့် Gloss အနှစ်သား (အဆီ) ဖြစ်ပါတယ်။ မျက်လုံးပေါ်တင်ရင် Wet look ရပေမယ့်၊ မျက်ခွံအရမ်းအဆီပြန်တတ်သူတွေဆိုရင် Crease (ကြားထဲ မိတ်ကပ်စုခဲတာ) ဖြစ်လွယ်ပါတယ်။ ဒါကြောင့် အဲ့ဒီအကွက်လေးကိုသုံးမယ်ဆိုရင် လက်နဲ့တို့ပြီး ပါးပါးလေးပဲ သုံးပေးဖို့ အကြံပေးချင်ပါတယ်။ ကျန်တဲ့ Matte နဲ့ Shimmer တွေကတော့ Blend လုပ်ရတာ အရမ်းလွယ်ကူပါတယ်
PAO -(24 M)
Glorious Promise
Glorious Promise
Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်
Shipping
Shipping
♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

