Nars
Nars Pencil Sharpener
Nars Pencil Sharpener
Couldn't load pickup availability
NARS - Pencil Sharpener
-
What it is: NARS ကထုတ်လုပ်ထားတဲ့ မိတ်ကပ်ခဲတံချွန်စက် (Pencil Sharpener) လေးဖြစ်ပါတယ်။ အပေါက်အရွယ်အစား နှစ်မျိုး (Dual-hole) ပါဝင်တဲ့အတွက် ပုံမှန်အရွယ်အစားရှိတဲ့ Eyeliner, Lip liner တွေကနေစပြီး NARS ရဲ့ နာမည်ကြီး Velvet Matte Lip Pencil လိုမျိုး Jumbo size ခဲတံအကြီးတွေအထိ အလွယ်တကူ အသုံးပြုနိုင်ပါတယ်။
-
Result (Finish): မိတ်ကပ်ခဲတံထိပ်ဖျားလေးများကို အတိအကျနှင့် လိုအပ်သလို သေသပ်စွာ ချွန်ပေးနိုင်ပါတယ်။ ခဲတံအညစ်အကြေးများကို အပြင်သို့ မထွက်စေရန် ဖုံးအုပ်ပေးထားတဲ့ အဖုံးပါဝင်လို့ သန့်သန့်ရှင်းရှင်း အသုံးပြုနိုင်ပါတယ်။
-
Who it’s for: မိတ်ကပ်ခဲတံ (Eyeliner, Lip Pencil) အသုံးပြုသူတိုင်းအတွက် အရည်အသွေးကောင်းမွန်ပြီး ကြာရှည်ခံမယ့် Sharpener လိုအပ်နေသူများအတွက် အထူးသင့်လျော်ပါတယ်။
-
How to use: မိမိချွန်လိုသော ခဲတံအရွယ်အစားအလိုက် အပေါက် (အကြီး သို့မဟုတ် အသေး) ကိုရွေးချယ်ပြီး ချွန်နိုင်ပါတယ်။ Sharpener အောက်ခြေမှာ ဓားသွားကို သန့်ရှင်းရေးလုပ်ပေးနိုင်တဲ့ တံကျင် (Blade cleaner) အသေးလေး ပါဝင်တဲ့အတွက် ဓားသွားကြားမှာ ညပ်နေတဲ့ အကြွင်းအကျန်များကို အလွယ်တကူ ဖယ်ရှားရှင်းလင်းနိုင်ပါတယ်။
-
Honest Notes: အရမ်းပျော့ပြီး Creamy ဖြစ်တဲ့ မိတ်ကပ်ခဲတံမျိုးတွေကို ချွန်မယ်ဆိုရင် မချွန်ခင် ရေခဲသေတ္တာထဲမှာ ခဏလောက်ထည့်ပြီး ခဲတံသားလေး နည်းနည်းမာသွားတဲ့အချိန်မှ ချွန်ပေးပါ။ ဒါဆိုရင် ခဲတံသားကျိုးတာမျိုးနဲ့ ဓားသွားမှာ ပေကျံတာမျိုးတွေကို သက်သာစေပါတယ်။
Glorious Promise
Glorious Promise
Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်
Shipping
Shipping
♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

