Kiehl's
Rare Earth Deep Pore Daily Cleanser
Rare Earth Deep Pore Daily Cleanser
Couldn't load pickup availability
ချွေးပေါက်ကျယ်ပြီး အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေအတွက် အထူးထုတ်လုပ်ထားတဲ့ Kiehl's ရဲ့ နာမည်ကြီး Clay Cleanser ဖြစ်ပါတယ်။ Amazonian White Clay (မြစ်ဝကျွန်းပေါ်ဒေသထွက် ရွှံ့စေး) ကို အဓိကအသုံးပြုထားပြီး မျက်နှာသစ်နေစဉ်မှာပဲ ချွေးပေါက်ထဲက အညစ်အကြေးတွေကို စုပ်ယူသန့်စင်ပေးနိုင်ပါတယ်။
ဘာကြောင့် Glorious က ရွေးချယ်တာလဲ?
ဒါက ရိုးရိုးမျက်နှာသစ်ဆေး မဟုတ်ပါဘူး။ မျက်နှာသစ်ရင်းနဲ့ Mild Exfoliation (ဆဲလ်သေဖယ်ရှားခြင်း) ကိုပါ တပြိုင်နက် လုပ်ဆောင်ပေးနိုင်လို့ အသားအရေ မညီညာတာတွေ၊ အဆီဖုလေးတွေ သက်သာစေဖို့ ကူညီပေးပါတယ်။
အဓိက အာနိသင်များ
- Deep Pore Cleansing: Amazonian White Clay က ချွေးပေါက်အတွင်းပိုင်းထိ အဆီပိုနဲ့ ဖုန်မှုန့်တွေကို ဖယ်ရှားပေးပါတယ်။
- Gentle Exfoliation: Diatomaceous Earth အမှုန်လေးတွေ ပါဝင်လို့ မျက်နှာသစ်တဲ့အခါ အသားပွတ်တိုက်မိသလိုဖြစ်ပြီး ဆဲလ်သေတွေကို ညင်သာစွာ ဖယ်ရှားပေးပါတယ်။
- Smoothing: မျက်နှာသစ်ပြီးတာနဲ့ အသားအရေ ချောမွတ်ပြီး ကြည်လင်တဲ့ feeling ကို ရရှိစေပါတယ်။
အသုံးပြုပုံ
- မနက် သို့မဟုတ် ည၊ တစ်ရက် (၁) ကြိမ် သို့မဟုတ် (၂) ကြိမ် အသုံးပြုနိုင်ပါတယ်။
- လက်ချောင်းထိပ်လေးတွေနဲ့ စက်ဝိုင်းပုံသဏ္ဍာန် ညင်သာစွာ နှိပ်နယ်ပြီး သစ်ပေးပါ။
- "Daily" လို့ နာမည်တပ်ထားပေမယ့် မိမိအသားအရေက Sensitive ဖြစ်ရင် တစ်ရက်ခြား (သို့) တစ်ပတ် ၃ ကြိမ်လောက်ပဲ သုံးသင့်ပါတယ်။
Glorious Honest Notes (သတိပြုရန်)
- ဒါက Scrub အမှုန်လေးတွေပါတဲ့ Cleanser ဖြစ်ပါတယ်။ ဝက်ခြံတွေ အရမ်းရောင်ရမ်းနေချိန် (Inflamed Acne) မှာဆိုရင် အသုံးပြုဖို့ မသင့်တော်ပါဘူး။
- ခြောက်သွေ့လွန်းတဲ့ အသားအရေ (Very Dry Skin) တွေအတွက်ဆိုရင် မျက်နှာသစ်ပြီးချိန်မှာ အနည်းငယ် တင်းတိပ်တိပ် ဖြစ်သွားနိုင်ပါတယ်။
- မျက်နှာသစ်ပြီးတိုင်း Hydrating Toner/Moisturizer ချက်ချင်း ပြန်သုံးပေးဖို့ လိုပါတယ်။
Glorious Promise
Glorious Promise
Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်
Shipping
Shipping
♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

