Skip to product information
1 of 6

Ren

REN Perfect Canvas Smooth, Prep & Plump Essence

REN Perfect Canvas Smooth, Prep & Plump Essence

Regular price 150,000 MMK
Regular price 324,500 MMK Sale price 150,000 MMK
Sale Sold out
Size

Toner အဆင့်ပြီးနောက် Serum မလိမ်းခင် ကြားထဲမှာ သုံးပေးရတဲ့ Essence (အရည်ကြည်) ဖြစ်ပါတယ်။ ဒီ Essence က ရေဓာတ်ကို အထူးဖြည့်တင်းပေးပြီး နောက်ထပ်လိမ်းမယ့် Skincare တွေရဲ့ အာနိသင်ကို ပိုမိုထိရောက်အောင် ကူညီပေးသလို၊ မိတ်ကပ်လိမ်းတဲ့အခါမှာလည်း အသားအရေကို ချောမွတ်ပြီး 'Canvas' တစ်ခုလို အဆင်သင့်ဖြစ်နေအောင် ပြင်ဆင်ပေးပါတယ်။

အဓိကပါဝင်ပစ္စည်းများနှင့် အာနိသင်များ:

  • Hyaluronic Acid & Polyglutamic Acid: ရေဓာတ်ကို အသားအရေ အတွင်းပိုင်းထိ ဖြည့်ဆည်းပေးလို့ မျက်နှာကို တင်းရင်း (Plump) စေပြီး အရေးကြောင်းအနုလေးတွေကို သက်သာစေပါတယ်။
  • Marrubium Extract: ပတ်ဝန်းကျင်မှ ညစ်ညမ်းမှုများ (Pollution) ဒဏ်ကို ကာကွယ်ပေးပါတယ်။
  • Niacinamide: အသားအရေမညီညာတာတွေကို ညှိပေးပြီး ကြည်လင်စေပါတယ်။

Finish & Texture:
စေးကပ်မှုမရှိဘဲ ပေါ့ပါးတဲ့ အရည်ပုံစံဖြစ်ပြီး လိမ်းလိုက်တာနဲ့ အသားထဲကို လျင်မြန်စွာ စိမ့်ဝင်သွားပါတယ်။ Finish ကတော့ သဘာဝအတိုင်း စိုပြေနေစေပါတယ်။

ဘယ်သူတွေသုံးသင့်လဲ:

  • Toner သုံးရုံနဲ့ ရေဓာတ်မလုံလောက်ဘူးလို့ ခံစားရသူများ။
  • အသားအရေ ခြောက်သွေ့အက်ကွဲလွယ်သူများ (Dehydrated Skin)။
  • Skin Barrier (အသားအရေအတားအဆီး) အားနည်းနေသူများ။

အသုံးပြုပုံ:
မနက်ရော ညပါ သုံးလို့ရပါတယ်။ မျက်နှာသစ်ပြီး Toner သုံးအပြီးမှာ လက်ထဲသို့ ၃ စက်ခန့်ထည့်ကာ မျက်နှာနှင့် လည်ပင်းကို ဖွဖွလေးပုတ်လိမ်းပေးပါ။ ပြီးမှ Serum နှင့် Moisturizer ဆက်သုံးပါ။

Glorious ၏ အကြံပြုချက် (Honest Note):
ဒါဟာ Skincare routine မှာ မဖြစ်မနေပါရမယ့် အဆင့် (Basic Step) တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ့်ရဲ့ လက်ရှိ skincare routine က ရေဓာတ်ဖြည့်ပေးတာ အားနည်းနေတယ်လို့ ထင်ရင်တော့ ဒါလေးဖြည့်သုံးသင့်ပါတယ်။ သူက ကျန်တဲ့ skincare တွေကို ပိုစုပ်ယူမှုအားကောင်းအောင် ကူညီပေးတဲ့ Booster သဘောမျိုးပါရှင့်

PAO -(9M)

Glorious Promise

Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်

Shipping

♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

View full details