Maison Margiela
REPLICA By the Fireplace Eau de Toilette 7ml
REPLICA By the Fireplace Eau de Toilette 7ml
Couldn't load pickup availability
ဆောင်းရာသီ မီးဖိုဘေးမှာ ထိုင်နေရသလို ခံစားချက်မျိုးပေးစွမ်းနိုင်တဲ့ Warm & Spicy ရနံ့လေးပါ။ 1971 ခုနှစ် Chamonix တောင်တန်းပေါ်က မီးဖိုဘေး အငွေ့အသက်ကို ပြန်လည်ဖော်ကျူးထားတဲ့ ဒီရေမွှေးက Maison Margiela ရဲ့ အအောင်မြင်ဆုံး Signature Scent တစ်ခုဖြစ်ပါတယ်။ 7ml ဆိုဒ်က Miniature ပုလင်းလေးဖြစ်လို့ စမ်းသုံးကြည့်ချင်သူတွေအတွက် အဆင်ပြေပါတယ်။
အနံ့ပုံစံ (Scent Profile)
- Top Notes: လေးညှင်းပွင့် (Clove Oil)၊ ပန်းရောင်ငရုတ်ကောင်း (Pink Pepper)၊ လိမ္မော်ပွင့် (Orange Flower)။
- Middle Notes: မီးကင်ထားတဲ့ ဝက်သစ်ချသီး (Chestnut Accord)၊ Guaiac Wood Oil။
- Base Notes: ဗနီလာ (Vanilla Accord)၊ Peru Balsam။
ဘယ်သူတွေအတွက်လဲ?
- Vanilla အနံ့ကို အချိုဘက်မသွားဘဲ သစ်သားနံ့၊ မီးခိုးနံ့သင်းသင်းလေး (Smoky & Woody) နဲ့ တွဲဖက်ထားတာကို နှစ်သက်သူများ။
- လူကြီးဆန်ပြီး တည်ငြိမ်တဲ့ အငွေ့အသက်ကို လိုချင်သူများ (Unisex သုံးနိုင်ပါတယ်)။
- Full Size မဝယ်ခင် အနံ့ကို စမ်းသုံးကြည့်ချင်သူများ သို့မဟုတ် ခရီးဆောင်သယ်သွားချင်သူများ။
Glorious ၏ အကြံပြုချက် (Honest Notes)
- Scent Warning: ဒါက Fresh ဖြစ်တဲ့ ပန်းနံ့၊ သစ်သီးနံ့ လုံးဝ (လုံးဝ) မဟုတ်ပါဘူး။ မီးခိုးနံ့ (Smoky) နဲ့ အနည်းငယ်လေးလံတဲ့ (Heavy) ဘက်သွားပါတယ်။ မြန်မာနိုင်ငံလို ပူတဲ့ရာသီဥတုမှာ နေ့ခင်းဘက် အပြင်သွားရင် အနည်းငယ် မူးနောက်နောက်ဖြစ်နိုင်လို့ Air Con ခန်း ဒါမှမဟုတ် ညဘက် Event တွေနဲ့ ပိုလိုက်ဖက်ပါတယ်။
- Packaging Note: ဒါက 7ml Miniature ဖြစ်တဲ့အတွက် Spray ခေါင်း မပါပါဘူး။ Dabber (လက်နဲ့တို့ပြီး သုံးရတဲ့) ပုံစံလေးဖြစ်ပါတယ်။
Glorious Promise
Glorious Promise
Glorious Promise
Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်
Shipping
Shipping
♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

