slip
Sprinkles Skinny Scrunchies
Sprinkles Skinny Scrunchies
Couldn't load pickup availability
သာမန်ရော်ဘာပတ်ကြိုးတွေက ဆံသားကို ကျိုးပြတ်စေပြီး ဆံပင်ကို ထိခိုက်စေတတ်ပါတယ်။ ဒါကြောင့် ကမ္ဘာကျော် Slip Brand ကနေ ဆံသားကျန်းမာရေးအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ Slipsilk™ နည်းပညာသုံး Skinny Scrunchies လေးတွေကို Glorious က မိတ်ဆက်ပေးလိုက်ပါတယ်။ "Sprinkles" collection လေးဖြစ်လို့ ချစ်စရာကောင်းတဲ့ ပုံစံလေးတွေနဲ့ ရရှိနိုင်မှာပါ။
ဘာကြောင့် Slip ကို ရွေးချယ်သင့်တာလဲ?
- Slipsilk™ Technology: သာမန် ပိုးသား (Silk) တွေမဟုတ်ဘဲ Slip Brand ပိုင် သီးသန့်နည်းပညာနဲ့ ရက်လုပ်ထားတဲ့ အဆင့်မြင့် Mulberry Silk ကိုသာ အသုံးပြုထားပါတယ်။
- Anti-Breakage: ဆံပင်စီးထားချိန်မှာ ဆံသားပွတ်တိုက်မှု (Friction) ကို အနည်းဆုံးဖြစ်အောင် လျှော့ချပေးလို့ ဆံပင်ကျိုးပြတ်တာ၊ နှစ်ခွဖြစ်တာတွေကို ကာကွယ်ပေးပါတယ်။
- Anti-Crease: ဆံပင်ဖြေလိုက်တဲ့အခါမှာ ရော်ဘာကွင်းရာကြီး ထင်ကျန်ခဲ့တာမျိုး လုံးဝမဖြစ်စေပါဘူး။
Best For:
- ဆံပင်အုံပါးသူများ၊ ဆံပင်အလွန်နုသူများ (Skinny type ဖြစ်လို့ ပိုအဆင်ပြေပါတယ်)။
- ဆံပင်စည်းလိုက် ဖြေလိုက် ခဏခဏလုပ်တတ်သူများ။
- ညအိပ်ခါနီး ဆံပင်စည်းအိပ်တတ်သူများ။
Glorious Honest Note:
ဒါက "Skinny" (အသေး) ဆိုဒ်လေးတွေဖြစ်ပါတယ်။ ဆံပင်အရမ်းထူ (Super Thick Hair) တဲ့သူတွေဆိုရင် တင်းတင်းရင်းရင်းရှိဖို့အတွက် ၂ ကွင်းပူး သုံးရတာမျိုး၊ ဒါမှမဟုတ် Slip Large Scrunchies (အကြီး) ကို ပြောင်းသုံးရတာမျိုး ဖြစ်နိုင်ပါတယ်။ ပုံမှန်ဆံပင်အနေအထားအတွက်တော့ နေ့စဉ်သုံးဖို့ အရမ်းပေါ့ပါးပါတယ်။
Glorious Promise
Glorious Promise
Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်
Shipping
Shipping
♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

