Oribe
Styling Butter Curl Enhancing Crème
Styling Butter Curl Enhancing Crème
Couldn't load pickup availability
ကောက်သားစိတ်တဲ့ ဆံပင် (Tight Curls) နှင့် ဆံပင်သားကြမ်းပြီး ဖွာတဲ့သူများအတွက် အထူးထုတ်လုပ်ထားတဲ့ အဆင့်မြင့် Styling Butter ဖြစ်ပါတယ်။ ရိုးရိုး Cream ထက် ပိုပြီး Rich ဖြစ်တဲ့ Butter texture ဖြစ်လို့ ဆံပင်ကို အလေးချိန်မစီးစေဘဲ ကောက်သားကို ပုံကျစေပါတယ်။ 20ml size ဖြစ်တဲ့အတွက် စမ်းသုံးကြည့်ချင်သူတွေနဲ့ ခရီးသွားတဲ့အခါ သယ်သွားဖို့ အဆင်ပြေပါတယ်။
အဓိကအာနိသင်များ
- Deep Hydration: Shea Butter နဲ့ Avocado Oil ပါဝင်လို့ ဆံပင်ခြောက်သွေ့ခြင်းကို ကာကွယ်ပေးပြီး အိစက်စေပါတယ်။
- Define Curls: ကောက်သားတွေကို ပိုပြီးလှိုင်းပေါ်စေကာ ပွခြင်း (Frizz) ကို သေချာထိန်းပေးပါတယ်။
- Medium Hold: ဆံပင်ကို ခိုင်မာအောင်ထိန်းပေးပေမယ့် ဂျယ်လ် (Gel) တွေလို မာကြောကြောကြီး မဖြစ်စေပါဘူး။
Texture & Finish
- အလွန်အနှစ်ပြည့်ဝတဲ့ Cream အသား (Rich buttery cream)။
- လိမ်းပြီးရင် ဆံပင်က သဘာဝအတိုင်း တောက်ပြောင်ပြီး ကျန်းမာတဲ့ Finish ကို ရရှိစေပါတယ်။
ဘယ်သူတွေသုံးသင့်လဲ
- ဆံပင်အရမ်းခြောက်ပြီး ပွတတ်သူများ။
- Curl Type 3 နှင့် 4 (ကောက်သားစိတ်သူများ/ Coily Hair) အတွက် အသင့်တော်ဆုံးပါ။
- ဆံပင်သား အရမ်းပါးသူများ၊ ကောက်သားမရှိဘဲ ဖြောင့်စင်းနေသူများနှင့် မကိုက်ညီပါ။
အသုံးပြုနည်း
- ဆံပင်လျှော်ပြီး စိုနေတဲ့အချိန် (Damp Hair) မှာ အသုံးပြုရပါမယ်။
- ဆံပင်အုံအထူအပါးပေါ်မူတည်ပြီး လိုသလောက်ယူကာ ဆံသားအနှံ့ လိမ်းပေးပါ။
- လေမှုတ်စက် (Diffuser) သုံးပြီး အခြောက်ခံနိုင်သလို၊ ဒီအတိုင်း အခြောက်ခံ (Air dry) လို့လည်း ရပါတယ်။
Glorious Note:
ဒါက Butter type ဖြစ်တဲ့အတွက် အာနိသင် တော်တော်လေး Rich ဖြစ်ပါတယ်။ ဆံပင်ပါးပြီး လှိုင်းတွန့်အကြီး (Wavy hair) သမားတွေအသုံးပြုရင် ဆံပင်ကပ်သွားတတ်တာမို့ ပမာဏကို လျှော့သုံးဖို့ အကြံပေးချင်ပါတယ်။
Glorious Promise
Glorious Promise
Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်
Shipping
Shipping
♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

