Kat Von D
Tattoo Liner Waterproof Liquid Eyeliner
Tattoo Liner Waterproof Liquid Eyeliner
Couldn't load pickup availability
Eyeliner လောကမှာ နှစ်ပေါင်းများစွာ Best Seller အဖြစ်ရပ်တည်နေပြီး လူကြိုက်အများဆုံးဖြစ်တဲ့ "Tattoo Liner" ပါ။ သူရဲ့ထူးခြားချက်က တခြား Eyeliner တွေလို Felt Tip (ရေမြှုပ်ခေါင်း) မဟုတ်ဘဲ အမွေးနုလေးတွေနဲ့ စုစည်းထားတဲ့ Brush Tip အစစ်ဖြစ်တာမို့ မျဉ်းကြောင်းဆွဲတဲ့အခါ အထူးတိကျပြတ်သားစေပါတယ်။
ဘာကြောင့် Glorious မှာ ရွေးချယ်သင့်တာလဲ?
- Needle-Precise Brush Tip: အမွေးနု brush tip ဖြစ်တာကြောင့် မင်ထွက်မပြတ်သွားသလို၊ အဖျားကွဲထွက်ခြင်းမရှိပါဘူး။ Wing liner ဆွဲမလား၊ မျဉ်းပါးပါးလေးဆွဲမလား အရမ်းလွယ်ကူပါတယ်။
- All-Day Wear: ရေစို၊ ချွေးစိုခံပြီး အချိန်အကြာကြီးခံတဲ့ Waterproof formula ဖြစ်ပါတယ်။ ပူအိုက်တဲ့ ရာသီဥတုမှာတောင် အလွယ်တကူ ပျံ့မသွားပါဘူး။
- Ink Flow: မင်ထွက်မှန်တာကြောင့် မျက်ခွံပေါ်မှာ အထစ်ထစ်အငေါ့ငေါ့ဖြစ်မနေဘဲ တစ်ချက်တည်းနဲ့ လှပတဲ့ မျဉ်းကြောင်းကို ရရှိစေပါတယ်။
အသုံးပြုပုံ (Glorious Tips):
- Shake, Shake, Shake: အသုံးမပြုခင်မှာ ဘောစေ့သံကြားရတဲ့အထိ ကောင်းစွာလှုပ်ပေးပါ။ (အရမ်းအရေးကြီးပါတယ်)။
- မျက်ခုံးမွှေးကြားလေးတွေဖြည့်ဆွဲမလား၊ မျက်လုံးအမြီးဆွဲမလား စိတ်ကြိုက်ပုံဖော်နိုင်ပါတယ်။
- Storage: မခြောက်သွားစေဖို့ အဖုံးကိုကြပ်ကြပ်ပိတ်ပြီး ခေါင်းကို အောက်စိုက်ကာ (Tip Down) ထောင်ပြီးသိမ်းဆည်းပေးပါ။ ဒါမှ မင်ထွက်အမြဲမှန်နေမှာပါ။
Honest Note:
Satin/Matte finish ဖြစ်ပေမယ့် အဆီအရမ်းပြန်တဲ့ မျက်ခွံပိုင်ရှင်တွေဆိုရင် အောက်ခံ Eye Primer လေးခံပြီးမှ သုံးပေးရင် ပိုပြီးကြာရှည်ခံပါတယ်။
Glorious Promise
Glorious Promise
Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်
Shipping
Shipping
♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

