Charlotte Tilbury
THE BEAUTYVERSE LOVE PALETTE
THE BEAUTYVERSE LOVE PALETTE
Couldn't load pickup availability
Charlotte Tilbury ရဲ့ Iconic ဖြစ်တဲ့ Pillow Talk Collection ထဲကနေ ထွက်ရှိလာတဲ့ ၉ ကွက်ပါ Eyeshadow Palette လေးဖြစ်ပါတယ်။ Pink, Rose Gold နဲ့ Berry tone တွေကို အခြေခံထားပြီး Matte, Metallic နဲ့ Pearl finish တွေ မျှမျှတတ ပါဝင်လို့ နေ့စဉ်သုံးရော ပွဲတက်အတွက်ပါ အဆင်ပြေပါတယ်။
ဘာတွေထူးခြားလဲ?
- Shades 9 မျိုး: Pillow Talk ရဲ့ Signature အရောင်နု၊ အရောင်ရင့်တွေအပြင် အထူးထုတ်လုပ်ထားတဲ့ "Future Matte" (ပေါင်ဒါသားမကျန်တဲ့ Matte) နဲ့ "Crystal Glow" (အလွန်တောက်ပတဲ့ Glitter) တွေ ပါဝင်ပါတယ်။
- Texture: Matte အရောင်တွေက Cream-to-powder လေးဖြစ် ပြီး Blending လုပ်ရအရမ်းလွယ်ပါတယ်။ Glitter တွေက အလင်းပြန်အားကောင်းလို့ မျက်လုံးကို ပိုပြီး pop ဖြစ်စေပါတယ်။
- Versatility: ရိုးရိုးရှင်းရှင်း Day Look ကနေ တောက်ပြောင်တဲ့ Party Look အထိ ပုံစံမျိုးစုံ ဖန်တီးနိုင်ပါတယ်။
ဘယ်သူတွေအတွက်လဲ?
- Pink/Rose Gold makeup tone ကြိုက်နှစ်သက်သူများ
- Wedding, Date Night နဲ့ occasion အများစုအတွက် လိုချင်သူများ
Glorious Honest Notes (အမှန်အတိုင်းပြောရရင်):
ဒီ Palette ထဲက Glitter အရောင်ကွက်တချို့က Brush နဲ့ယူရင် အမှုန်နည်းနည်း ဖွာတာမျိုး ဖြစ်နိုင်ပါတယ်။ ပိုပြီးစွဲကပ်စေဖို့၊ အရောင်ပိုတောက်ဖို့ဆိုရင် လက်သန်းလေးနဲ့ယူပြီး တို့ပေးတာ ဒါမှမဟုတ် Glitter primer ခံပြီးသုံးတာမျိုး လုပ်ပေးရပါမယ်။ အရမ်းနုတဲ့ Natural look သီးသန့်ပဲ ကြိုက်ရင်တော့ Glitter တွေက နည်းနည်းများနေနိုင်ပါတယ်။
. PAO -(18M)
Glorious Promise
Glorious Promise
Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်
Shipping
Shipping
♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

