Fenty Beauty
The Comeback Kid Instant Damage Repair Treatment Bond Builder
The Comeback Kid Instant Damage Repair Treatment Bond Builder
Couldn't load pickup availability
ကမ္ဘာကျော် မော်ဒယ်/အဆိုတော် Rihanna ရဲ့ Fenty Hair ကနေ ထုတ်လုပ်ထားတဲ့ ဆံသားအတွင်းပိုင်းအထိ ပြုပြင်ပေးနိုင်တဲ့ အဆင့်မြင့် Bond-building Treatment ပေါင်းဆေးလေး ဖြစ်ပါတယ်။ သူက ဆံသားအတွင်းပိုင်းက ပြတ်တောက်ပျက်စီးနေတဲ့ ကြိုးလေးတွေ (Bonds) ကို ပြန်လည်ဆက်စပ်ပေးပြီး၊ ရေဆေးချစရာမလိုတဲ့ (Leave-in) အနေနဲ့ရော၊ ပေါင်းပြီး ရေဆေးချတဲ့ (Rinse-out) အနေနဲ့ပါ နှစ်မျိုးစလုံး အလွယ်တကူ အသုံးပြုနိုင်တဲ့ ထူးခြားတဲ့ ပေါင်းဆေးလေးဖြစ်ပါတယ်။
Finish (အသားပေးမှု)
- Natural (ပြတ်တောက်နေတဲ့ ဆံသားတွေကို ပြန်လည်ပြုပြင်ပေးလို့ ကျန်းမာသန်စွမ်းပြီး သဘာဝအတိုင်း အိကျတဲ့ Finish မျိုး ရရှိစေပါတယ်။)
Who it's for (ဘယ်သူတွေအတွက် သင့်တော်လဲ)
- ဆေးခဏခဏဆိုးသူတွေ၊ ချွတ်ဆေး (Bleach) သုံးထားသူတွေ။
- အပူပေးစက် (Hair straightener, curler) အမြဲသုံးလို့ ဆံသားကြမ်းတမ်း၊ ခြောက်သွေ့ပြီး ဆံပင်အဖျား နှစ်ခွဖြစ်/ပြတ်ထွက်နေသူတွေ။
- အချိန်မပေးနိုင်လို့ မြန်မြန်ဆန်ဆန်နဲ့ ထိရောက်တဲ့ Hair Treatment (ပေါင်းဆေးလုပ်ငန်းစဉ်) ရှာနေသူတွေအတွက် အထူးသင့်တော်ပါတယ်။ (ဆံပင်အမျိုးအစားအားလုံး အသုံးပြုနိုင်ပါတယ်။)
How to use (ဘယ်လိုအသုံးပြုရမလဲ)
နှစ်မျိုး အသုံးပြုနိုင်ပါတယ်။
- Leave-In (ရေဆေးချစရာမလိုဘဲ အသုံးပြုရန်): ခေါင်းလျှော်ပြီး ရေစိုနေချိန်မှာ ဆံပင်အလယ်ကနေ အဖျားထိကို ပမာဏအနည်းငယ် (Small amount) သာယူပြီး နှံ့အောင်လိမ်းပါ။ (ရေပြန်ဆေးချစရာ မလိုပါ။)
- Rinse-Out (ပေါင်းဆေးအနေနဲ့သုံးပြီး ရေဆေးချရန်): ခေါင်းလျှော်ပြီး ရေစိုနေချိန်မှာ လုံလောက်တဲ့ပမာဏကိုယူပြီး ၃ မိနစ်မှ ၅ မိနစ်ခန့်ထားပါ။ ထို့နောက် ရေစင်အောင် ပြန်လည်ဆေးချပေးပါ။
Honest Notes (Glorious ရဲ့ အကြံပြုချက်)
- Use Sparingly (Leave-In): ရေမဆေးချဘဲ (Leave-In) အနေနဲ့ သုံးမယ်ဆိုရင် ပမာဏအများကြီး လိမ်းမိရင် ဆံပင်လေးလံပြီး ကပ်သွားတတ်ပါတယ်။ ဒါကြောင့် နည်းနည်းချင်းစီသာ စတင်အသုံးပြုဖို့ အထူးအကြံပြုပါတယ်။
- Bond Builder vs Conditioner: ဒီပစ္စည်းက ဆံသားကို ယာယီချောမွတ်သွားစေရုံသက်သက် ရိုးရိုးအပေါင်းဆေးမျိုး မဟုတ်ပါဘူး။ ဆံသားဖွဲ့စည်းပုံကို သန်စွမ်းအောင် ပြုပြင်ပေးတဲ့ (Bond Builder) အမျိုးအစားဖြစ်လို့ သုံးပြီးပြီးချင်းမှာ အရမ်းအိစက်ချောမွတ်သွားတာထက် ဆံသားပိုပြီး အားပြည့်တင်းရင်းလာတာ၊ ပြတ်ထွက်တာ သက်သာသွားတာကို ပိုမိုခံစားရမှာ ဖြစ်ပါတယ်။
- PAO -(6M)
Glorious Promise
Glorious Promise
Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်
Shipping
Shipping
♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

